ဓမ္မကျောင်းတော်၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၂/၂ဝ၁၅)ကို ဖေဖော်ဝါရီလ (၅)ရက်မှစတင်ကာ (၁၅)ရက်နေ့အထိ စတင် သင်ကြားပို့ချလျှက် ရှိပါသည်။ သင်တန်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်လာကြသော သံဃာတော်များ ၊ သီလရှင်များနှင့် ဆရာ၊ ဆရာမများသည် လူငယ်မောင်မယ်များကို ယဉ်ကျေးလိမ္မာပြီး အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုး တတ်စေရန် ပြန်လည်သင်ကြားပေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် တက်ရောက် သင်ကြား ကြခြင်းဖြစ်ပါသည်။
ဤသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ (၇)ဦး ၊ နေပြည်တော်တိုင်းမှ (၁၇)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၈)ဦး ၊ စစ်ကိုင်းတိုင်းဒသကြီးမှ (၉)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးမှ (၁၃)ဦး ၊ မွန်ပြည်နယ်မှ (၃)ဦး ၊ ရခိုင်ပြည်နယ်မှ (၁)ဦး ၊ ရှမ်းပြည် နယ်မှ (၁၂) ဦး တက်ရောက်သင်ကြားလျှက်ရှိပါသည် ။
မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လူငယ်မောင်မယ်များကို မြတ်ဗုဒ္ဓ၏ စာပေများ သင်ကြားပေးနိုင်ရန်မှာ ဆရာတော်သံဃာတော်များ၊ ဆရာဆရာမများနှင့် အမိအဖများသာဖြစ်သည်။ ထို့ကြောင့် လူငယ်မောင်မယ်များကို ဓမ္မစာပေများ သင်ကြားပေးနိုင်ရန်အတွက် ဓမ္မကျောင်းတော် ယဉ်ကျေး လိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် သင်တန်းများကို လစဉ် ပို့ချ သင်ကြားပေးလျှက် ရှိပါသည်။ ဤသင်တန်းကို လာရောက်သင်ကြားစေလိုပါသောကြောင့် သင်တန်းသား /သူတို့၏ သင်တန်းသို့ လာရောက်စဉ်ကုန်ကြသော လမ်းစရိတ်များကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးနေ ပါသည်။ သင်တန်းကာလအတွင်း ရေများ လျှပ်စစ်မီးများ နေစရာများ စားစရာများကိုလည်း မပူမပန်ရအောင် စရိတ်ငြိမ်း အပြည့်အဝဆောင်ရွက်ပေးထားပါသည်။ သင်တန်းကာလ(၁ဝ)ရက်အတွင်း အင်္ကျီအဖြူ၊ ပုဆိုး၊ စောင်၊ ခေါင်းအုံးနှင့် သုံးစွဲလျှက်ရှိသည့် ဆေးဝါးများ စသည့် အသုံးအဆောင်များကို ယူလာခဲ့ရန်လိုပါသည်။ ထို့ကြောင့် ဤကဲ့သိုသော သင်တန်းမျိုးကို လာရောက်ကာ တက်ရောက်စေလိုကြောင်း ဖိတ်ခေါ် လိုက်ရ ပါသည်။ ဆက်သွယ်ရန်လိပ်စာမှာ – ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ၊သပြေပင်စံပြကျေးရွာ၊ လယ်ဝေး မြို့နယ်၊ နေပြည်တော်။ Ph; ၀၉-၈၃၀၄၄၄၆ ၊ ၀၉၇၉၇၃၀၃၀၂၁ တို့ကို ဆက်သွယ်မေမြန်းနိုင်ပါသည်။