မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေးမှုစင်တာ ပေါ်ပေါက် ရေးအတွက် ညှိနှိုင်းအစည်းအဝေးပွဲကို ဇွန်လ (၁၈)ရက်နေ့ နံနက် (၈း၀၀)နာရီ အချိန်၌ အမရပူရမြို့နယ်၊ ဓမ္မရံသီ မိုးကုတ်ဝိပဿနာရိပ်သာ တွင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးပွဲသို့ ဓမ္မရံသီ ဆရာတော်၊ ဟိတဓရ ဆရာတော်(မော်လမြိုင်)၊ သစ္စဝေဒဂူ ဆရာတော် (မန ္တလေး ရေတံခွန် တောင်တောရ)၊ ရန်ကင်းတောရ ဆရာတော် (နေပြည်တော်)နှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် စုစုပေါင်း (၁၆)ပါးတက်ရောက်ကြပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့(ဗဟို)နှင့် ယဉ်ကျေးမှု စင်တာ၏ ရုံးကို အမရပူရမြို့နယ်၊ ဓမ္မရံသီ မိုးကုတ်ဝိပဿနာ ရိပ်သာတွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး မြန်မာနိုင်ငံ တဝန်း၊ တနင်္ဂနွေနှင့် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်း၌ ပို့ချနိုင်မည့် အရည်အချင်းပြည့်မှီသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာရေးကို ဦးစားပေးဆောင်ရွက်ရန် ဆုံးဖြတ်တော် မူကြပါသည်။
874 total views, 1 views today