နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင်စံပြကျေးရွာ ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်း ဌာနတွင် ယဉ်ကျေးလိမ္မာ ညီလာခံဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးပွဲကို ၃၀.၉.၂၀၁၄ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးပွဲကို မန္တလေးယဉ်ကျေးလိမ္မာစင်တာ(ဗဟို)မှ ရုံးအဖွဲ့မှူးဆရာတော်၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ(ဗဟိုအဖွဲ့ခွဲ-၁)၏ ဦးဆောင်ဆရာတော်များ၊ မော်လမြိုင်ယဉ်ကျေး လိမ္မာစင်တာ(ဗဟိုအဖွဲ့ခွဲ-၂)၏ ဦးဆောင်ဆရာတော်များ၊ အဖွဲ့ဝင်ဆရာတော်၊သံဃာတော်များနှင့် သက်ဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးပွဲ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် ယဉ်ကျေးလိမ္မာညီလာခံကို ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝသည့် ညီလာခံတစ်ခုဖြစ်ရန်အတွက် ကြိုတင်ညှိနှိုင်းကြခြင်းဖြစ်ပါသည်။ အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် အတည်ပြုဆွေးနွေးချက်များကို မန္တလေးမြို့၌ ၂.၁၀.၂၀၁၄၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ အစည်းအဝေးပွဲတွင် ပြန်လည်ဆွေးနွေးတင်ပြ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရပါသည်။
ညီလာခံအတွက် အမှူဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် အခမ်းအနား အစီအစဉ်အတွက် ကြိုတင်ညှိနှိုင်းခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ညီလာခံသု့ိတက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ စာတမ်းဖတ်ကြားတင်သွင်းနိုင်ရန်အတွက် စာတမ်းခေါင်းစဉ်များကို ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဓမ္မကျောင်းတော်P1140391P1140395ဓမ္မကျောင်းတော်

Loading

By admin