မာတိကာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝးပွဲကျင်းပပြီးစီး
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝေးပွဲကို သြဂုတ်လ(၁၂)နေ့က အဆိုပါအဖွဲ့ရုံးစိုက်ရာ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့ရှိ ဓမ္မရံသီ မိုးကုတ်ဝိပဿနာရိပ်သာတွင်ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဓမ္မရံသီဆရာတော်၊ သစ္စဝေဒဂူဆရာတော်၊ မော်လမြိုင် ဟိတဓရ ဆရာတော်၊ နေပြည်တော်မှ ရန်ကင်းတောရဆရာတော်၊ ပြင်ဦးလွင်မြို့ အပ္ပမာဒကျောင်းမှ ဆရာ ကြီးနှင့် နိုင်ငံတဝန်း ယဉ်ကျေးလိမ္မာ ရေးဆောင်ရွက်နေကြသည့် ရဟန်းပညာရှိ၊ လူပညာရှိများ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေး လိမ္မာ စင်တာပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ(မူကြမ်း)ကို အတည်ပြုကြပါသည်။ ဤအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံတဝန်း နည်းပြဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချလျှက်ရှိရာ မန္တလေးမြို့၌ သြဂုတ်လ(၂၁) ရက်နေ့မှ (၃၁)ရက်နေ့အထိ ပို့ချရေးအတွက်သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆွေးနွေးကြပါသည်။
226 total views, 3 views today