မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ (တတိယအကြိမ်)၌ နေပြည်တော်စာဖြေဌာနမှ ဆုရကျောင်းသား ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို လယ်ဝေးမြို့နယ်၊ ရန်ကင်းတောရ(ပရိယတ်၊ပဋိပတ်ဌာန) ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ဇူလိုင်လ(၁၂)ရက်၊ စနေနေ့ နေ့လည် (၂)နာရီအချိန်တွင်ကျင်းပခဲ့ပါသည်။

Dhamma School

အဆိုပါအခမ်းအနားသို့ လယ်ဝေးမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ အတွင်းရေးမှူးဆရာတော် အရှင်ပဏ္ဍိတဘိက္ခုနှင့် ဆရာတော်အရှင်သူမြတ် စုစုပေါင်း(၁၁)ပါးတက်ရောက်ခဲ့ကြ၍ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး နှင့် တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင်မြို့နယ်သံဃနာယက   ဥက္ကဋ္ဌဆရာတော်မှ (၈)ပါးသီလချီးမြှင့်တော်မူပြီး သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ အတွင်းရေးမှူး ဆရာတော်မှ ဤစာမေးပွဲကျင်းပရခြင်းသည် ကလေးငယ်များအား အချိန်တိုအတွင်း ဗုဒ္ဓဝင်များကို လေ့လာနိုင်ရန်နှင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ၏ ရင်ထဲ မြတ်ဗုဒ္ဓ၏အဆုံးအမများတည်စေရန်အတွက် ပြုလုပ်ရခြင်းသည်သာ အဓိကရည်ရွယ်ချက် ဖြစ်သည်ဟု မိန့်ကြားတော်မူပါသည်။

ထို့အပြင် နေပြည်တော်ကောင်စီဝင် ဦးသန်ဌေးကလည်း ယနေ့နည်းပညာများ တိုးတက် ပြောင်းလဲလာသော ခေတ်ကြီးမှာ မြန်မာ့ယဉ်ကျေးမှုများသည် တစ်နေ့တစ်ခြား လျော့ပါးလာသည်ကို တွေ့ရှိရသည်ကို ဝမ်းနည်းမိပါကြောင်း၊ ဤအခက်အခဲပြဿနာများကို သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲက အထိုက်အလျောက်လျော့ပါးရန် အထောက်အကူပြု လိမ့်မည်ဖြစ်ကြောင်းနှင့် ခက်ခဲနက်နဲသည့် စာမေးပွဲ မေးခွန်းများကို ကလေးငယ်များမှ မှန်မှန်ကန်ကန်ဖြေဆိုနိုင်ပုံကို မြင်ခဲ့ရ၍ မိမိအနေနှင့် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိကြောင်းကိုလည်း လျှောက်ထားခဲ့ပါသည်။

ဓမ္မကျောင်းတော်

ထို့နောက် စာမေးပွဲဖြေရာတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသားကျောင်းသူများအား စာမေးပွဲအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးကြပါသည်။

ကိုဇေ(နေပြည်တော်)

Loading

By admin