မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁) နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၃/၂၀၁၅)ကို (၂၁၀၅)ခု မေလ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ဤသင်တန်းသည် လူဦးရေကန့်သတ်ထားပါသဖြင့် မိမိတို့ဘက်မှ ကြိုတင်စာရင်းပေးရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းရှိ လူငယ်မောင်မယ်များအားလုံးကို မြတ်ဗုဒ္ဓ၏ ဓမ္မစာပေများ သင်ကြားပေးရန်အတွက် အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမကောင်းများ များစွာလိုအပ်လှပါသည်။ ထိုကဲ့သို အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများက လူငယ်များနှလုံးသားထဲ ဘုရားတည်ရန်အတွက် ဗုဒ္ဓစာပေများကို သင်ကြား ပေးရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓစာပေများသင်ကြားပေးမည့် ဆရာ၊ ဆရာမများကို မွေးထုတ်ပေးနေသော ဆရာ၊ ဆရာမနည်းပြဆရာဖြစ်သင်တန်းဌာန(ရန်ကင်းတောရ)သို့ တက်ရောက်ရန် ဖိတ်ခေါ်အပ်ပါသည်။ တက်ရောက်လိုသူများ ဖုန်း-၀၉၇၉၇၃၀၃၀၂၁၊ ၀၉၈၃၀၄၄၄၆ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

 907 total views,  3 views today

By admin