မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ အလုပ်အမှုဆောင် အစည်းအဝေးကို (ကောဇာ) ၁၃၈၀ – ပြည့်၊ ပထမ၀ါဆိုလဆန်း (၁၄)ရက်၊ (ခရစ်) ၂၀၁၈ – ခုနှစ်၊ ဇွန်လ (၂၆)ရက်၊ အင်္ဂါနေ့၊ နံနက် ၈း၀၀ – နာရီတွင် မှော်ဘီမြို့၊ သာသနာ့ဝန်ဆောင်ကျောင်းတိုက်၊ တိပိဋကတ်တိုက် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲတွင် အသင်း၏ နာယကဆရာတော်များ၊ ပဓာနဦးဆောင် ဆရာတော်များ၊ စာမေးပွဲဆိုင်ရာ အလုပ်အမှုဆောင် ဆရာတော်များ၊ စာချဆရာတော်များနှင့် အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်တို့က အဘိဝိနယာစရိယ စာမေးပွဲဆိုင်ရာ မူဝါဒများကို ဆွေးနွေး တိုင်ပင် ညှိနှိုင်းခဲ့ကြပါသည်။
၎င်း အဘိဝိနယာစရိယစာမေးပွဲကို ၁၃၈၁-ခု၊ ၀ါဆိုလဆန်း (၁)ရက်နေ့တွင် နေပြည်တော်၌ စတင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
429 total views, 3 views today