www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလစာမေးပွဲအသင်း၏ ပထမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ၊ အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် သာဓုအနုမောဒနာ ဂုဏ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ် သြဂုတ်လ-၂၅ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေပင်စံပြကျေးရွာ၊ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလစာမေးပွဲအသင်း၏ ပဓာနဦးဆောင် ဆရာတော်များ အဖွဲ့ဝင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ ပဓာနနာယက ဆရာတော်က သြ၀ါဒစကား မိန့််ကြားပြီး၊ အသင်း၏ နာယကအဖွဲ့ဝင်များက ၀မ်းမြောက်စကားနှင့် အသင်းကြီး ဖြစ်ပေါ်လာပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြောကြားကာ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များက ဘဏ္ဍာရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အလှူတော်ငွေ များကို ပေးအပ်ခြင်းနှင့် သာဓုအနုမောဒနာ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပြီး ပဓာန ဦးဆောင်ဆရာတော်က အနုမောဒနာနှင့် ရေစက်ချတရား ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ် သာသနာ့တာဝန်ကို ပခုံးပြောင်းကာ ဦးဆောင်ဦးရွက် ပြုတော်မူကြမည့် ရဟန်းတော် အရှင်မြတ်များ သည် စာပေ ပရိယတ္တိအရာတွင် နှံ့စပ်ကျွမ်းကျင် တတ်မြောက်ရုံသာမက ၀ိနယပဋိပတ်အရာတွင်လည်း ကျွမ်းကျင်နိုင်နင်းသည့် သာသနာ့အာဇာနည် အလောင်းအလျာ ရှင်ရဟန်းကောင်းများ ပေါ်ထွန်းလာ စေရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

ဤစာမေးပွဲကို အဆင့်သုံးဆင့်ခွဲ၍ ၀ိနည်းငါးကျမ်း ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို နှံ့စပ် စုံလင်စွာ မေးမြန်းမည့်အပြင် တတိယအဆင့် ရေးဖြေ၊ အာဂုံနှင့် လက်တွေ့အောင်မြင်ပြီးနောက်၊ စာတမ်းတင်သွင်းဖတ်ကြားပြီးပါက ၀ိနယ၀ံသပါလာဘိဝိနယာစရိယဘွဲ့လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဝိနယ၀ံသစာမေးပွဲအသင်း ရေစက်ချပွဲ
VINAYAVUMSAPALA

 3 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *