မပြည့်မွန်မွန်သက်(ခ) ပြည့်ပြည့်၏ ရင်တွင်းစကားသံ

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ရန်ကင်းတောရဆရာတော်ဘုရား၏ အဆုံးအမတွေ အများကြီးထဲက စိတ်ချမ်းသာအောင်နေနည်း ဆိုတဲ့ သြ၀ါဒကို ကျွန်မ အလွန်နှစ်သက်ပါတယ်။ အရင်ကဆို ဘာမဟုတ်တဲ့ အသေးအမွှား ကိစ္စတွေကအစ ခေါင်းထဲထည့်ပြီး တွေးတောနေတတ်ပါတယ်ရှင်။ နောက်ပြီး အရေးမပါတဲ့ အရာတွေမှာလည်း အနိုင် ရချင်တဲ့စိတ်ရှိခဲ့ပါတယ်။ “ငါ့ကို လာပြီး မကျောနဲ့’’ ဆိုတဲ့ စကားကိုလည်း မကြာမကြာ သုံးခဲ့ပါတယ်ရှင်။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အရေးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အငြင်းအခုံလုပ်ဖို့ ကျွန်မ ၀န်မလေးခဲ့ပါဘူးရှင်။ အခုတော့ ကျွန်မ တော်တော်များများ ပြောင်းလဲခဲ့ပါတယ်။ ဆက်ဆံရေးပိုင်းမှာလည်း တော်တော်လေး အဆင်ပြေနေပါပြီ။ တစ်ချို့စကားတွေ အပြုအမူတွေဆိုရင် မသိသလိုဘဲ နေလိုက်ပါတယ်။ အရေးမကြီးတဲ့ အရာတွေဆိုရင်လည်း ခေါင်းထဲ ထည့်တဲ့အကျင့် နည်းလာပါတယ်ရှင်။
ကျွန်မအလုပ်တစ်ခုကို လုပ်တိုင်း အဲ့ဒီအလုပ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ၊ အခက်ခဲတွေကို တွေးတာ နည်းလာပါတယ်။ အခုတော့ အခက်အခဲတွေရှိတယ်၊ ဖြစ်တတ်တယ်ဆိုတာကို တွေးတတ်နေ ပါပြီရှင်။
တာဝန်ဆိုတဲ့စကားလုံးကို ကျွန်မ အရင်က မဖြစ်မနေလုပ်ရမယ့်အရာ၊ လုပ်ချင်လည်းလုပ် မလုပ်ချင် လည်း လုပ်ရမယ်ဆိုတဲ့အရာလို့ပဲ နားလည်ခဲ့ပါတယ်။ ရန်ကင်းတောရရောက်တဲ့အခါမှာ ကျွန်မ သိထားတဲ့ တာဝန်ရဲ့ အဓိပ္ပါယ်က မှားနေပါတယ်ရှင်။ ဒီရန်ကင်းမှာ တာဝန်ပေးပြီဆိုရင် အဲ့ဒီလူကို ယုံကြည်မှ တာဝန်ကို ပေးတယ်ဆိုတာ သဘောပေါက်ထားတော့၊ မလုပ်ချင်တဲ့စိတ် မရှိတော့ပါဘူး။ စေတနာတွေထည့်ပြီး လုပ်မယ်ဆိုရင် ကိုယ့်အတွက် ပိုပြီးတော့ အကျိုးဖြစ်ထွန်းစေတယ်ဆိုတာကို နားလည်လိုက်တဲ့အတွက် အကောင်းဆုံးစိတ်ထား အကောင်းဆုံးအရည်အချင်းကို ဖော်ပြပြီး လုပ်တတ်လာပါတယ်ရှင်။ ကျွန်မ အပြင် လုပ်ငန်းခွင်ထဲ ရောက်သွားရင်လည်း ဒီအဆုံးအမကို လက်ကိုင်ပြီး လုပ်မှာပါရှင်။
ဆက်လက်ဖော်ပြပါမည်
မပြည့်မွန်မွန်သက် First Year (Eng)ကပ္ပိယရင်တွင်းစကားသံ

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *