မပြည့်မွန်မွန်သက် (ခ) ပြည့်ပြည့်၏ ရင်တွင်းစကားသံ (၂)

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

“မိမိဘ၀တိုးတက်ချင်ရင် အလုပ်ကို ကြိုးစားပါ။ မိမိအလုပ်လို့ သဘောထားပြီးလုပ်ပါ။ သခင်စိတ်နဲ့ လုပ်ပါ။ အလုပ်သမားစိတ် ကျေးကျွန်စိတ် မမွေးပါနဲ့’’ဆိုတဲ့ အဆုံးအမကို ကျွန်မ တော်တော် အံ့သြခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ အရင်ကဆို အလုပ်လုပ်ရင် ပြီးသွားရင် ပြီးတာပဲဆိုတဲ့စိတ်နဲ့ လုပ်ခဲ့ပါတယ်။ အလုပ်သမား စိတ်ဓာတ်နဲ့ပေါ့ရှင်။ အလုပ်ကိုလေးစားတယ်ဆိုတာလည်း သူများပြောတာပဲ ကြားဖူးခဲ့ပါတယ်။ အခု ဒီရန်ကင်းတောရရောက်တော့ ဒီအလုပ်သာ ငါ့ကိုယ့်ပိုင်အလုပ်ဆိုရင် ဆိုတဲ့ အလုပ်ရှင်စိတ်ဓာတ် မွေးတတ် လာပါတယ်ရှင်။ကျောင်းရဲ့ ဝေယျာဝစ္စတွေကိုလည်း လေးလေးစားစားနဲ့ လုပ်တတ်လာပါတယ်ရှင်။

တာဝန်ကျေပွန်တဲ့ အတွက် လူမှုဆက်ဆံရေးပိုင်းမှာ အဆင်ပြေလာပါတယ်ရှင်။ ဆက်ဆံရေးတွေ အဆင်ပြေတဲ့အတွက် စိတ်ချမ်းသာလာပါတယ်။

တပည့်တော် အရင်ကဆို စိတ်ဆိုး စိတ်တိုလွယ်ပါတယ်။ သည်းခံတယ်ဆိုတာ မရှိသလောက်ကို  နည်းပါတယ်ရှင်။ အခုဆို သည်းခံတတ်နေပါပြီရှင်။  ဘ၀ရဲ့ရည်မှန်းချက်ဆိုတာကိုလည်း နားလည်လာ ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိရှိ နေတတ်လာပါတယ်ရှင်။

အားလုံးကိုလေးစားစွာဖြင့်

ပြည့်မွန်မွန်သက် First Year (Eng)

ကပ္ပိယရင်တွင်းစကားသံ

Dhamma Training Center

 363 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *