P1250580P1250557P1250602မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ပြင်ဦးလွင်မြို့နယ်၊ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် ပြန့်ပွားရေးအဖွဲ့၏ ဓမ္မကျောင်းတော်များ (၃)နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေးပွဲကို ရတနာရာမနွယ်နင်းကျောင်းတိုက်၌ ဇူလိုင်လ (၁၈)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးပွဲကို “နမောတဿ မဟာပဏာမ” သုံးကြိမ်ပူဇော်၍ ဖွင့်လှစ်ပါသည်။ ထိုနောက် ရတနာရာနွယ်နင်းကျောင်းတိုက်ဆရာတော်ဘုရားထံမှ ဘုရားရှိခိုးဖြင့် သရဏဂုံသုံးပါး နှင့် ငါးပါးသီလ အကျင့်မြတ်ကို ခံယူဆောက်တည်ကြပြီး ရတနာမာရ်အောင် ဆရာတော်ဘုရားထံမှ သြဝါဒ ခံယူကြပါသည်။ ထို့နောက် မြန်မာနိုင်ငံလုံးးဆိုင်ရာ ဗုဒ္ဓဘာသာပြန့်ပွားရေးအဖွဲ့ အတွင်းရေးမှူ း(၁)ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းဌာန၏ သြဝါဒါစရိယ၊ ရန်ကင်းတောရဆရာတော်ဘုရားထံမှ လုပ်ငန်းဆိုင်ရာ သြဝါဒများခံယူကြပါသည်။ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက် အကြံပြုဆွေးနွေးညှိနှိုင်းကြပြီး ပြင်ဦးလွင်မြို့နယ်၊ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် ပြန့်ပွားရေး အဖွဲ့ဥက္ကဌ ဦးစံငြိမ်းမှ (၃)နှစ်တာကာလလုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ် ဆွေးနွေး လျှောက်ထား ပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချို မြို့နယ်တို့တွင် ဖွင့်လှစ်ပြီးခဲ့သည့် ဓမ္မကျောင်းတော်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁)မိုးညိုဓမ္မကျောင်းတော်၊ ရပ်ကွက်ကြီး(၁)၊ပြင်ဦးလွင်မြို့နယ်
(၂)ပြည်တော်သာဓမ္မကျောင်းတော်၊ ရပ်ကွက်ကြီး(၅)၊ပြင်ဦးလွင်မြို့နယ်
(၃)ရန်မျိုးအောင်ဓမ္မကျောင်းတော်၊ ရပ်ကွက်ကြီး(၅)၊ပြင်ဦးလွင်မြို့နယ်
(၄)ဟိုလိမ့် ဓမ္မကျောင်းတော်၊ ဟိုလိမ့်ကျေးရွာ၊ပြင်ဦးလွင်မြို့နယ်
(၅)ရတနာမာရ်အောင် ဓမ္မကျောင်းတော်၊ ရက်ကွက်ကြီး(၁)ညံကွဲ၊ပြင်ဦးလွင်မြို့နယ်
(၆)မဟာဂန္ဓာရုံ(ငါးရံ့ချောင်း) ဓမ္မကျောင်းတော်၊ ရက်ကွက်ကြီး(၁၉)၊ပြင်ဦးလွင်မြို့နယ်
(၇)စိန်သုခ ဓမ္မကျောင်းတော်၊ ဝက်ဝံကျေးရွာ၊ပြင်ဦးလွင်မြို့နယ်
(၈)မြိုင်ကြီး ဓမ္မကျောင်းတော်၊ မြိုင်ကြီးရပ်ကွက်၊ပြင်ဦးလွင်မြို့နယ်
(၁၀)ကျိုင်းတောင်း ဓမ္မကျောင်းတော်၊ ကျိုင်းတောင်း၊ပြင်ဦးလွင်မြို့နယ်
(၁၁)ဝိသုဒ္ဓိမဂ္ဂင် ဓမ္မကျောင်းတော်၊ မိုးကြိုးကွက်သစ်၊ ပြင်ဦးလွင်မြို့နယ်
(၁၂)ကြိမ်ဂနိုင် ဓမ္မကျောင်းတော်၊ ဆင်လမ်းစု၊နောင်ချို
(၁၃)ရွှေစည်းခုံတောရ ဓမ္မကျောင်းတော်၊ ရက်ကွက်ကြီး(၈)၊ပြင်ဦးလွင်မြို့နယ်
(၁၄)သာသနာပိုင် ဓမ္မကျောင်းတော်၊ ထုံးဘို၊ ရက်ကွက်ကြီး(၁)၊ ပြင်ဦးလွင်မြို့နယ်
(၁၅)အေးချမ်းသာယာ ဓမ္မကျောင်းတော်၊ ရေချမ်းအိုးရွာ၊ ပြင်ဦးလွင်မြို့နယ်
(၁၆)အောင်ပွဲသီရိ ဓမ္မကျောင်းတော်၊ ပွဲကောက်၊ ပြင်ဦးလွင်မြို့နယ်
(၁၇)တပ်ဦးမဟာဂန္ဓာရုံ ဓမ္မကျောင်းတော်၊ ရွာသာယာ၊ပြင်ဦးလွင်မြို့နယ်
(၁၈)ညောင်ကုန်း ဓမ္မကျောင်းတော်၊ ညောင်ကုန်း၊ ပြင်ဦးလွင်မြို့နယ်
(၁၉)အေးမြချမ်းသာ ဓမ္မကျောင်းတော်၊ ရက်ကွက်ကြီး(၉)၊ ကျောက်တောင်၊ ပြင်ဦးလွင်မြို့နယ်
(၂၀)နောင်ခမ်းကြီးရွာဦး ဓမ္မကျောင်းတော်၊ ရက်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီး၊ ပြင်ဦးလွင်မြို့နယ်
(၂၁)သပြေဝန်း ဓမ္မကျောင်းတော်၊ သပြေဝန်းရွာ၊ နောင်ချိုမြို့နယ်
(၂၂)နောင်ပိန် ဓမ္မကျောင်းတော်၊ နောင်ပိန်၊ ပြင်ဦးလွင်မြို့နယ်
(၂၃)အနောက်ကျူ အင်း ဓမ္မကျောင်းတော်၊ အနောက်ကျူ အင်း၊ နောင်ချိုမြို့နယ်
(၂၄)ရေသရောက်ကုန်း ဓမ္မကျောင်းတော်၊ ရေသရောက်ကုန်း၊ ပြင်ဦးလွင်မြို့နယ်
(၂၅)ခေမာရာမ ဓမ္မကျောင်းတော်၊ ကျက်တက်၊ ပြင်ဦးလွင်မြို့နယ်
(၂၆)ကျွန်းတိုင် ဓမ္မကျောင်းတော်၊ ကျွန်းတိုင်၊ ပြင်ဦးလွင်မြို့နယ်
(၂၇)ပြည်လုံးချမ်းသာ ဓမ္မကျောင်းတော်၊ မဲတော၊ပြင်ဦးလွင်မြို့နယ်
(၂၈)ခဲထိပ် ဓမ္မကျောင်းတော် ခဲထိပ်၊ နောင်ချိုမြို့နယ်
(၂၉)နမ့်လင်းခံ ဓမ္မကျောင်းတော် နမ့်လင်းခံ၊နောင်ချိုမြို့နယ်
(၃၀)ဘော်လှိုင်းရေဦး ဓမ္မကျောင်းတော် ဘော်လှိုင်းရေဦး၊နောင်ချိုမြို့နယ်
(၃၁)ဆီဆုံ ဓမ္မကျောင်းတော် ဆီဆုံ၊နောင်ချိုမြို့နယ်တို့ဖြစ်ကြပါသည်။
P1250514P1250533

Loading

By admin