၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက် ၊ အင်္ဂါနေ့ နံနက်တွင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၌ အဘိဝိနယာစရိယ(ပထမဆင့်)စာမေးပွဲ အောင်မြင်စွာ ပြီးဆုံး၍ စာဖြေ ရဟန်းသာမဏေများသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ ဗုဒ္ဓဂယာဘုရားများ ဖူးမြင်ကာ ပြန်ကြွတော်မူကြပါသည်။

       နေ့လည် (၁၂း၀၀နာရီ)တွင် စာမေးပွဲ အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် ဆွမ်းနှင့်အခြားပစ္စည်းများလှူဒါန်းကာ အဖက်ဖက်မှ ငွေအား၊ လူအား ဝေယျာဝစ္စများ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြသော ဒကာ၊ ဒကာမများအား ရန်ကင်းတောရပဓာန နာယကဦးဆောင်ဆရာတော်ဘုရားကြီးမှ ကောင်းမှုကုသိုလ်အစုစုကို ရေစက်သွန်းချ သာဓုအနုမောဒနာတရား ချီးမြှင့်ခဲ့ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

Dhamma Training Center

Dhamma Training Center
Dhamma Training Center

 

 39 total views,  1 views today

By admin

Leave a Reply

Your email address will not be published.