နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရှင်သာမဏေနှင့်သီလရှင်သင်တန်းမှ ယောဂီေ်ကျာင်းသူလေး၏ အသိအမြင်တိုးတက်မှု

“သားကောင်း သမီးမြတ် ဖြစ်ချင်ပါတယ်”
တပည့်တော်မက လိမ္မာသော သမီးကောင်းဖြစ်ချင်ပါတယ်ဘုရား။ နှုတ်နဲ့သာ ပြောလို့မရဘဲ ကိုယ်နဲ့ပါ လေ့ကျင့်ရပါမယ်ဘုရား။
တပည့်တော်မက ဒီယဉ်ကျေးလိမ္မာကျောင်းတော်ကို မရောက်ခင် မိဘတို့ရဲ့ စကားကို တအားနားမ ထောင်ခဲ့ပါဘုရား။ ငယ်စဉ်ကလည်း ခဏခဏ ဂျီကျပြီး ဗိုလ်ကျခဲ့ပါတယ်ဘုရား။ အဲ့ဒါတွေက မကောင်းတဲ့ အလုပ်ဆိုတာ မသိခဲ့ပါဘုရား။
ဒီနေ့ညပိုင်းမှာ ဘုန်းဘုန်းးဟောခဲ့တာ တပည့်တော်မရဲ့ ငယ်ဘ၀ကို စဉ်းစားမိလိုက်ပါတယ်ဘုရား။ တပည့်တော်မငယ်စဉ်က အခေါက်ခေါက်အခါခါ စိတ်ဆိုး၊ စိတ်ကောက်ပြီး၊ ဗိုလ်ကျတတ်တာတွေကို နောင်တရခဲ့ပါတယ်ဘုရား။

သို့သော်လည်း တပည့်တော်မက လိမ္မာတဲ့သမီးကောင်းရတနာဖြစ်ချင်သောကြောင့် အမူအရာ၊ အပြောအဆိုနဲ့ စရိုက်တွေကို အခုကစပြီး ပြောင်းလည်းပါမယ်ဘုရား။ တပည့်တော်မသည် ဘုန်းဘုန်းဟော ထားတဲ့မျောက်မင်းကြီးလို ပို၍စိတ်ထားကောင်းအောင် လေ့ကျင့်ပါမယ်ဘုရား။ လူကြီးမိဘပြောတဲ့ စကားကိုလည်းနာခံပြီး ပြန်ခံမပြောတော့ပါဘုရား။ ထို့ကြောင့် တပည့်တော်မသည် လိမ္မာပြီး စိတ်ထားကောင်းတဲ့ သမီးအဖြစ် တာဝန်ကျေပွန်အောင် ကြိုးစားပါမယ်ဘုရား။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။