နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရှင်သာမဏေနှင့်သီလရှင်သင်တန်းမှ ယောဂီကျောင်းသူလေးတစ်ဦး၏ အသိအမြင်တိုးတက်မှု

ယောဂီကျောင်းသူလေးတစ်ဦး၏အသိအမြင်တိုးတက်မှု
Dhamma Training Center

ဆရာတော်ဘုရား တပည့်တော်မ လိမ္မာတဲ့သမီးရတနာတစ်ယောက် ဖြစ်ချင်ပါတယ် ဘုရား။ ဖေဖေ မေမေတို့အပေါ် သိတတ်လိမ္မာပြီး မြတ်သော သမီးတစ်ဦးဖြစ်အောင် ကြိုးစားမယ်လို့ ဆရာတော်ဘုရား ဆိုဆုံးမစကား ကြားရတဲ့အခါ စိတ်ထဲ ဖြစ်ပေါ်လာပါတယ်ဘုရား။

တပည့်တော်မ ယခင်က မိဘများအပေါ် မသိတတ်ဘဲ အကြိမ်ပေါင်းများစွာ စိတ်ဆိုးခဲ့မိပါသည်ဘုရား။ ယခုအခါ စိတ်ဆိုးခဲ့ခြင်းများကို နောင်တရမိပါတယ်ဘုရား။ တစ်ခါတစ်ရံတွင် မိဘများအပေါ်တွင် အမြင်များမှားပြီး စိတ်အလိုမကျ ခဏခဏဖြစ်ခဲ့ရပါတယ်ဘုရား။ ယခုအချိန်မှာ အသိအမြင်တိုးခဲ့ပါပြီဘုရား။ မိဘများက တပည့်တော်မရဲ့ ကျေးဇူးရှင်များ   ဖြစ်တာကြောင့်  နောက်နောင်အခါများမှာ အကောင်းဘက်က အမြဲကြိုးစား၍ မြင်မည်ဟု စိတ်ထဲဖြစ်ပေါ်လာပါသည်ဘုရား။

ယောဂီကျောင်းသူလေးတစ်ဦး၏အသိအမြင်တိုးတက်မှု
Dhamma Training Center

မနက်ဖြန် အိမ်ပြန်ရောက်သောအခါမှစ၍ ဖေဖေနှင့်မေမေအပေါ်တွင် တပည့်တော်မ သိတတ်၍ တတ်နိုင်သမျှ လိမ်လိမ်မာမာနေပြီး ကူညီပေးတော့ပါမယ် ဘုရား။  နောင်အနာဂတ်တွင်လည်း ဖေဖေနှင့် မေမေပေါ်တွင် ကျေးဇူးဆပ်နိုင်သော သမီးမြတ်အလိမ္မာတစ်ယောက်ဖြစ်ရန် ကြိုးစားသွားပါမည်ဘုရား။

ယောဂီကျောင်းသူလေးတစ်ဦး၏အသိအမြင်တိုးတက်မှု
Dhamma Training Center

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

 

 

 

 

 

 238 total views,  1 views today

By admin

Leave a Reply

Your email address will not be published.