www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

မောင်ချစ်ကိုကို၏ ရင်တွင်းစကား

ရန်ကင်းတောရသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ကိုယ့်ဘ၀ကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြတ်သန်းရမလဲဆိုတာကိုလည်း ဆရာတော်၊ ဦးဇင်းဘုရားတို့ဆီက ဆုံးမမှုတွေ၊ သြ၀ါဒတွေ အများကြီး ရရှိခဲ့ပါတယ်ခင်ဗျာ။ နောက်ပြီးကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာအောင် ပေါင်းသင်းဆက်ဆံတတ် လာအောင် ကိုယ်လုပ်တဲ့လုပ်ငန်းအပေါ် စိတ်ထားတတ်လာအောင် ကျေးဇူး သိတတ်လာအောင် Mind Change အများကြီးရရှိခဲ့ရပါတယ်ခင်ဗျာ။

ကျွန်တော် အလုပ်လုပ်တာကို ကြည့်ရတာ ပိုသပ်ရပ်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက အမြဲချီးကျူး ခံရပါတယ်ခင်ဗျာ။ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူစွာနဲ့ပဲ ကျွန်တော်နေခဲ့တဲ့ ရန်ကင်းတောရ ဆရာတော်က “ကိုယ်လုပ်တဲ့ လုပ်ရပ်ဟာ အကောင်းဆုံး စိတ်ထားနဲ့ အကောင်းဆုံး အရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်’’ ဆိုတဲ့ အဆုံးအမကို ရခဲ့တယ်လို့ ရှင်းပြလိုက်ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဆရာတော်ဘုရား ဆုံးမတဲ့ တာဝန်ယူတတ်တဲ့စိတ်ရှိဖို့ ပြောပြလို့ သူငယ်ချင်းတွေလည်း လိုက်နာကြပါတယ်ခင်ဗျာ။ တာဝန်ယူ တတ်တဲ့စိတ်က လူတစ်ယောက်ရဲ့ အရည်အချင်းကို တိုးတက်စေတယ်ဆိုတာ သိလိုက်ရပါတယ်ခင်ဗျာ။ ကြီးကြီးငယ်ငယ် ဘယ်အလုပ်မဆို ဂရုတစိုက် လုပ်တတ်လာပါတယ်။ အကောင်းဆုံး စိတ်ထားနဲ့ အလုပ်လုပ်တတ်လာတော့ တာဝန်တွေလည်း ပိုများလာပါတယ်။

ကျွန်တော့်ကို ဘုန်းဘုန်း မိန့်ခဲ့ဖူးပါတယ်ခင်ဗျာ “လောကမှာ ငွေကြေးဟာလူသားတွေရဲ့ သည်းခြေကြိုက် Money and Sxe ကိုသာ လုံခြုံအောင် စောင့်ထိန်းရင် ဘ၀ တိုးတက်တယ်’’ဆိုတာ ဟုတ်ပါ တယ်ခင်ဗျာ။ ဟိုတယ်ဆိုတာ ကျွန်တော်တို့အတွက် မကောင်းတဲ့လမ်းက ပိုက်ဆံရမယ့်လမ်းတွေ အများကြီး ရှိပါတယ်ခင်ဗျာ။ ကျွန်တော်ဆင်းရဲသားဘ၀က တတ်လာတဲ့ လူငယ်တစ်ယောက်အနေနဲ့ ပိုက်ဆံကို ဘယ်လိုရအောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ပဲမွေးပါတယ် ပိုက်ဆံကို လွယ်လွယ်ရအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့စိတ် မထားပါဘူးခင်ဗျာ။ တပည့်တော်တို့ လုပ်ငန်းခွင်ထဲရောက်နေတဲ့ လူငယ် တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ကြိုးစားနေတဲ့ တစ်ချိန်မှာ အောင်မြင်မှုက ဆီးကြိုနေမယ်ဆိုတာ ယုံကြည်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ လုပ်ငန်းထဲရောက်နေချိန်မှာ အသုံးပြုနေတာကတော့ ရန်ကင်းတောရမှ ရရှိထားတဲ့ ဆုံးမသြ၀ါဒတွေနဲ့ပဲ ဖြတ်သန်းနေပါတယ်ခင်ဗျာ။ ရန်ကင်းတောရမှ ရရှိခဲ့တဲ့ အဆုံးအမတွေကပဲ လူဝင်ဆံ့ စေခဲ့ပါတယ်ခင်ဗျာ။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကောင်းမွန်စွာ ဖြစ်ပေမယ့်လည်း ဆရာကောင်းရဲ့ ဆုံးမသြ၀ါဒတွေမရှိရင် လောကမှာ လွယ်ကူစွာနဲ့ပဲ ပျက်စီးသွားမယ်လို့ တပည့်တော်၏ အတွေ့အကြုံအရ မြင်လာပါတယ်ဘုရား။

မောင်ချစ်ကိုကို Third Year (Geo)

Famous Hotel

ကပ္ပိယရင်တွင်းစကားသံ
Dhamma Training Center

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *