နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသော ရှင်သာမဏေများသည် လယ်ဝေးမြို့နယ်၊ ရွာသစ်ကြီးရွာ နှင့် ညောင်မုတ်ဆိတ်ရွာ တို့သို့ နံနက်အရုဏ် ဆွမ်းခံ ထွက်ကြပါသည်။

ယဉ်ကျေးလိမ္မာသင်တန်း၌ ဆရာမ ဒေါ်ခင်မေ၀င်းမှ သာသနယဉ်ကျေးမှု သင်ခန်းစာကို သင်ကြားပေးပါသည်။
ဆရာမဒေါ်ခင်အုန်းမြင့်မှ ပုညကြိယာဝတ္တု(၁၀)ပါး သင်ခန်းစာကို သင်ကြား ပေးပါသည်။
ဆက်ဆံရေးမင်္ဂလာ သင်ခန်းစာကို ဆရာမဒေါ်ခင်အေးမူမှ သင်ကြား ပေးပါသည်။
ဦးဇင်းဦးစန္ဒိမာ (ရန်ကုန်)မှ သင်္ဂါယနာသမိုင်း(၂)ကို ဟောကြား တော်မူပါသည်။
သီလရှင်ဆရာလေးများ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရကျောင်းတွင် ဝေယျာဝစ္စ ကုသိုလ် ယူကြပါသည်။
ရှင်သာမဏေနှင့် သီလရှင်ဆရာလေးများ၏ လှုပ်ရှားမှုများ