နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ်(၂၇/၂၀၁၇) (၇)ရက်နေ့ နံနက်ပိုင်းတွင် ကိုးကွယ်ရာအစစ်မှ ကိုးကွယ်ရာအမှန်သို့ သင်ခန်းစာကို အသိမျှဝေပေးပါ သည်။
ဆရာမဒေါ်ဝင်းဝင်းခိုင်မှ မဟာဗုဒ္ဓ၀င်နှင့်ခုနစ်နေ့ဘုရားရှိခိုး သင်ခန်းစာကို သင်ကြားပေးပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းသိကောင်းစရာကို ဆရာမ ဒေါ်ရီရီဟန်(ဒု-ညွှန်ကြားရေးမှူး(ငြိမ်း)မှ အသိပညာမျှဝေပေးပါသည်။
မွန်းလွဲပိုင်းတွင် ဆရာ/ဆရာမ နှင့် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာမကြီးဒေါ်ခင်လင်းမှ ဒုစရိုက်၊ သုစရိုက် သင်ခန်းစာကို အသိမျှဝေပေးပါသည်။ဆရာမကြီးဒေါ်ငွေကြည်မှ ပုညကြိယာဝတ္တု(၁၀)ပါး သင်ခန်းစာကို အသိမျှ ဝေပေးပါသည်။
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ဆရာမဒေါ်ခင်မေ၀င်းမှ သင်ကြားပေးပါသည်။

သင်တန်းသူ/သားများကို နှုတ်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးပါသည်။
အုပ်စု(၁)မှ“အမျိုးသားများသည် အမျိုးသမီးများထက် မင်္ဂလာတရားတော်ကို မြတ်မြတ်နိုးနိုး စောင့်ထိန်းကြပါသည်” ဟူသောအဆိုကို တင်သွင်း ကြပါသည်။
အုပ်စု(၂) မှ “အမျိုးသမီးများသည် အမျိုးသားများထက် မင်္ဂလာ တရားတော်ကို မြတ်မြတ်နိုးနိုး စောင့်ထိန်းကြပါသည်” ဟူ၍ အဆိုကို ချေဖျက်ကြပါသည်။
အုပ်စု(၃)မှ“အမျိုးသားများသည် အမျိုးသမီးများထက် မင်္ဂလာတရားတော်ကို ပို၍ မြတ်မြတ်နိုးနိုး စောင့်ထိန်းကြပါသည်” ဟူသောအဆိုကို တင်သွင်း ကြပါသည်။
အုပ်စု(၄)မှ“အမျိုးသမီးများသည် အမျိုးသားများထက် မင်္ဂလာတရားတော်ကို ပို၍ မြတ်မြတ်နိုးနိုး စောင့်ထိန်းကြပါသည်”ဟူ၍ အဆိုကိုချေဖျက်ကြပါ သည်။
သင်တန်းတခုလုံးတွင် သင်ကြားပြသပေးသော သင်ခန်းစာများအပေါ် နားလည်နိုင်မှုစွမ်းအားကို တတ်မြောက်မှု ဆန်းစစ်လွှာတွင် ဖြည့်စွက် ရေးသားပြီး မှတ်တမ်းပြုပါသည်။