ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၂/၂ဝ၁၅)ကို ဓမ္မကျောင်းတော် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ အနာဂတ်သာသနာ ရေရှည်တည်တံ့ရန်အတွက် လူငယ်မောင်မယ်များ ယဉ်ကျေး လိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်။ ထိုသို့သော လူငယ်မောင်မယ်များ တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးနေစေရန်အတွက် ရည်ရွယ်၍ ဗုဒ္ဓ၏အဆုံးအမများကို မသင်မဖြစ် သင်ကြား ပေးနေမှသာလျှင် နောင်အနာဂတ်သာသနာသည် မိမိတို့အတွက် စိတ်ချဖွယ်ရာ ရှိမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်မောင်မယ်များကို ဗုဒ္ဓအဆုံးအမများ သင်ကြားပေးရန်အတွက် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ သင်တန်းဌာနတွင် သင်တန်းများ လစဉ်သင်ကြား ပို့ချပေးလျှက်ရှိပါသည်။ ထိုကဲ့သို့ သင်တန်းများကို သင်ကြားပို့ချရာတွင် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်အောင် သင်ကြားပေးနိုင်သော CCA သင်ကြားနည်းဖြင့် သင်ကြားပို့ချပေးနေပါသည်။

Loading

By admin