မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟို)၏ မှုဝါဒစည်းမျဉ်းပါ ညီနောင်အဖွဲ့အစည်းများနှင့် အားပေးကူညီလက်တွဲသွားရန်ဟူသော မှုဝါဒအတိုင်း စတုတ္ထအကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနမှ နေပြည်တော်ကောင်စီအနေနှင့် မြန်မာနိုင်ငံအလယ်ပိုင်းအတွက် စာဖြေဌာနတစ်ခုအဖြစ် ကြီးမှူးကျင်းပရန် လုပ်ငန်းဆွေးနွေးပွဲကို ရန်ကင်းတောရ ဝိသုံဂါမသိမ်အစည်းအဝေးခန်းမ၌ (၁၈.၃.၂၀၁၅)ဗုဒ္ဓဟူးနေ့ နေ့လည်တွင် ကျင်းပခဲ့ပါသည်။
နေပြည်တော်ကောင်စီနယ်မြေမှ ဓမ္မကျောင်းတော်များ၊ ဓမ္မစကူးများ၊ ယဉ်ကျေးလိမ္မာသင်တန်းများမှ လူငယ်မောင်မယ်များသည် သု့တစုံလင်ဗုဒ္ဓဝင်စာမေးပွဲကို နေပြည်တော်တွင် လွယ်ကူစွာဖြေဆိုနိုင်တော့မည်ဖြစ်ပါသည်။ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် လူငယ်မောင်မယ်များကို အဖက်ဖက်မှ အမှားအယွင်းမရှိစေရန်နှင့် သန့်ရှင်းသော စာဖြေဌာနအအဖြစ် ရပ်တည်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ စာမေးပွဲကျင်းပရာတွင်လိုအပ်သည့် နေရာဌာနများ၊ အကြိုအပို့ယဉ်များ၊ စာမေးပွဲအတွင်းအပြင် ဆရာ ဆရာမများ၊ လုံခြုံရေးများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ စာမေးပွဲနှင့်ပတ်သတ်သည့် စာရွကfစာတမ်းများ စသည်တို့ကို မည်သို့စနစ်တကျ စီမံခန့်ခွဲရမည်များကို စာမေးပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ဒေါက်တာပေါ်မြင့်ဦးနှင့် ဒုဥက္ကဌ ဦးအောင်မြင့်(မြို့နယ်ပညာရေးမှုးငြိမ်း)တို့မှ ဦးဆောင်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။၎င်းစာမေးပွဲကျင်းပရာတွင် လိုအပ်သည့်ဘဏ္ဍာရေးကိုလည်း ဘဏ္ဍာရေးအဖွဲ့မှ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲကို နေပြည်တော် မင်္ဂလာဗျူဟာခန်းမကြီးအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
သုတစုံလင် ဗုဒ္ဓဝင် စာမေးပွဲဝင်ရောက်ဖြေဆိုစေခြင်း၏ ရည်ရွယ်ချက်မှာ
တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် ဗုဒ္ဓဘာသာဝင် လူငယ်မောင်မယ်များ မြတ်ဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်ကို အသေးစိတ် ထဲထဲဝင်ဝင် လေ့လာခွင့်ရရှိကာ မိမိတို့ကိုးကွယ်သည့် ဘာသာတရား၏ အတိမ်အနက်ကိုလည်း လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့် သိရိပြီး အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတတ်လာစေရန် ရည်ရွည်ပါသည်။
ပြိုင်ပွဲအစီအစဉ်
ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ ။ ။ ဓမ္မကျောင်းတော်၊ ဓမ္မစကူးလ်၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းစသည့် ကျောင်းသား ကျောင်းသူများဖြစ်ရပါမည်။
ပညာအရည်အချင်း ။ ။ အခြေခံပညာအလယ်တန်းအဆင့် (၅-တန်း၊ ၆-တန်း၊ ၇-တန်း၊ ၈-တန်း ဖြေဆိုပြီး) အသက် (၁၄)နှစ်အောက်ဖြစ်ရပါမည်။
ပြိုင်ပွဲပုံစံနှင့်ကျင်းပမည့်ရက်စွဲ
ပထမအဆင့် ဖြေဆိုရက် ။ ။၁၁.၄.၂၀၁၅(သောကြာနေ့)
ဒုတိယအဆင့် ဖြေဆိုရက် ။ ။၂၀.၄.၂၀၁၅(တနင်္လာနေ့)
စာမေးပွဲဖြေဆိုမည့်နေရာ ။ ။ မင်္ဂလာဗျူဟာခန်းမ ဗိမာန်တော်ကြီး၊ ပျဉ်းမနား၊ နေပြည်တော်။
255 total views, 1 views today