နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ နှစ်ပတ်လည်ရေစက်ချအခမ်းအနားကို ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ ရပ်ဝေး၊ ရပ်နီးမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် စေတနာရှင် အလှူရှင်များသည် ဓမ္မကျောင်းတော်များ ရေရှည် တည်တံ့ကာ ဗုဒ္ဓသာသနာတော် မြန်မာ့မြေပေါ်တွင် အဓွန့်ရှည်ကြာနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေနွေး တိုင်ပင်ခဲ့ကြပါသည်။
ထို့နောက် စေတနာရှင်အလှူရှင်များအား သာဓုအနုမောဒနာလွှာများ ပေးအပ် ချီးမြှောက်ကာ နှစ်ပတ်လည် ရေစက်ချအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ် ရွတ်ဆိုကာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
408 total views, 1 views today