မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ ခွဲ(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၏ ဦးဆောင်မှုဖြင့် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားသည့် ဓမ္မကျောင်းတော်ပေါင်း (၇၀၀)ကျော်မှ တာဝန်ရှိကြသည့် ဆရာတော် သံဃာတော်များ၊ ကော်မတီဝင်များနှင့် ဆရာဆရာမများ စုံလင်စွာ တွေ့ဆုံကြသည့် နှစ်ပတ်လည်ပွဲကို နှစ်စဉ်ကျင်းလာခဲ့ပါသည်။
ယခုနှစ်တွင်လည်း စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၆ခုနှစ် နိုင်ဝင်ဘာလ(၂၆)ရက်နှင့် (၂၇)ရက်စနေနေ့ နှင့် တနင်္ဂနွေနေ့ တို့ တွင် ကျင်းပမည်ဖြစ်ပါသည်။
နှစ်ပတ်လည်ပွဲ အခမ်းအနားကြီးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တက်ရောက်လာကြမည့် ကိုယ်စားလှယ်များအနေဖြင့် စာတမ်းများ တင်သွင်းမည့် အစီအစဉ်လည်းပါဝင်ပါသည်။
တင်သွင်းရမည့် စာတမ်းခေါင်းစဉ်များမှာ
(၁) ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ခေတ်မီပြီး ထိရောက်သည့် သင်ကြားရေး ဆိုင်ရာစာတမ်း
(၂) ယဉ်ကျေးလိမ္မာသင်တန်းများတွင် ကလေးသူငယ်များ ကျောင်းတက် မှန်ရေး ဆိုင်ရာစာတမ်း
(၃) ယဉ်ကျေးလိမ္မာသင်တန်းများ ရေရှည်တည်တံ့ရေး ဆိုင်ရာစာတမ်းတို့ ဖြစ်ပါသည်။စာတမ်းကိုစိတ်ပါဝင်စားသူတိုင်းတစ်ဦးချင်းဖြစ်စေ၊အဖွဲ့ အစည်း အလိုက် ဖြစ်စေ ရေးသားကာ (၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၄) ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြိုနယ် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးကော်မတီ ရုံးများမှတဆင့် နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
31 total views, 1 views today