အစဉ်အလာအတိုင်း  မိမိတို့၏  ပတ်ဝန်းကျင်တွင်  ကျင့်သုံးလာခဲ့သည့်  သင်ကြားနည်းစနစ်ကို  ဆရာ ဗဟိုပြုသင်  ကြားနည်း  (Teacher-Centred Learning)  ဟူ၍ ခေါ်ဆိုပါသည်။  ယနေ့  ကမ္ဘာတဝန်း ပညာရေး ဆိုင်ရာ ပညာရှင်များ၊ ပညာရေးအဖွဲ့အစည်းများက  စိတ်ဝန်စားနေကြသည့် ကျောင်းသာဗဟိုပြု သင်ယူမှုစနစ်  (Student-Centred Learning) ဟုခေါ်ဆိုပါသည်။  ကလေးဗဟိုပြု  ချဉ်းကပ်နည်း (Child-Centred  Approach)  (CCA)  ဟူ၍လည်း  သုံးနှုန်းကြပါသည်။  သင်ကြားသင်ယူ မှုဖြစ်စဉ်တွင်  ကျောင်းသား၏ အတွေ့အကြုံ ကို  ဗဟိုပြုသည့် သင်ယူမှုဖြစ်ပါသည်။  ကျောင်းသား  ကျောင်းသူများကိုယ်တိုင်  ပူးပေါင်းပါဝင်စေကာ(Group work) ဖြင့် တီထွင်ကြံဆ  နည်းလမ်းရှာစေပြီး  သင်ကြားသည့်  နည်းစနစ်ဖြစ်ပါသည်။

9

ယဉ်ကျေးလိမ္မာသင်ခန်းစာကို CCA နည်းဖြင့် သင်ကြားခြင်း

ဗုဒ္ဓဘာသာရင်သေးွ ငယ်များအား ဓမ္မကျောင်းတော် အမည်ဖြင့် ဗုဒ္ဓဓမ္မယဉ်ကျေးလိမ္မာ သင်ခန်းစာများကို (၅)နှစ် တာကာလ (CCA) သင်ကြားနည်းစနစ်ဖြင့် သင်ကြားပေးလျှက်ရှိသည့် နေပြည်တော်ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန၏ နည်းစနစ်ဆိုင်ရာ အတွေ့အကြုံ ကို ကမ္ဘာပညာရှင်များ၏ အမြင်ဖြင့် ရည်ညွှန်း ကိုးကား သုံးသပ်ကာ ဤစာတမ်းကို ရေးသားထားပါသည်။ မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် Sunday Dhamma School, Summer Dhamma School, နှင့် ယဉ်ကျေးလိမ္မာသင်တန်းများတငွ ် လက်တွေ့ အသုံးချ သင်ကြားနိုင်ရန် စိတ်ကူးကောင်း တစ်ချက်၊ အကြံကောင်းတစ်ခုခုကို မုချ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ သင်နည်းစနစ် သင်ခန်းစာကို သင်ကြားပေးမည့် ဆရာ ဆရာမတို့သည် သင်ခန်းစာကို ကြိုတင် လေ့လာမှတ်သား ပြင်ဆင်ပြီးဖြစ်ရပါမည်။ သင်ကြားနေစဉ် တစ်လျှောက်လုံး ခေါင်ငုံ့ကာ စာအုပ်ကိုကြည့်၍ သင်ကြား ရန်မသင့်ပါ။ ကလေးငယ်များနှင့် မျက်လုံးချင်းဆုံ၍ Eye To Eye contact ဖြင့်သာ သင်ကြား သင့်ပါသည်။ ပြုံးရွှင်သော မျက်နှာဖြင့် သင်ကြားသင့်ပါသည်။ ကလေးငယ်များ၏ တင်ပြချက် များကိုလည်း စိတ်ဝင်စားစွာ နားထောင်ပေး သင့်ပါသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ သင်ကြားရာတွင် ဆရာ ဆရာများသည် APAC နည်းကို သုံးရန်တိုက်တွန်းလိုပါသည်။ APAC ဆိုသည်မှာ – မေးပါ၊ ချီးမွမ်းပါ၊ လမ်းညွှန်ပါ၊ စစ်ဆေးပါ ဟု အဓိပ္ပါယ်ရပါသည်။

       A – ask            မေးခွန်းမေးပါ
A – adivse       လမ်းညွှန်ပါ
P – Praise       ချီးမွမ်းပါ
C – Check        ပြန်လှန်စစ်ဆေးပါ မေးခွန်းမေးရမည်။

Ask မေးခွန်း (အဖွင့်မေးခွန်း)

တိုသော ရှင်လင်းသော လယွ်ကူသော မေးခွန်းများကို ကလေးငယ်များကို ကလေးငယ် များအား မေးသင့်ပါသည်။ မေးခွန်းသည် Open Question Type အဖငွ့်မွေးခွန်းမျိုးသာ ဖြစ်သင့်ပါသည်။ Close Question Type အပိတ်မေးခွန်းမျိုး မဖြစ်သင့်ပါ။Open Question  ဆိုသည်မှာ – လဲ? လဲ? လဲ? ဖြင့်ဆုံးသောမေးခွန်းများဖြစ်သင့်ပါသည်။

ဘယ်တုန်းကလဲ    When?         ဘယ်လိုလဲ           How?            ဘယ်နေရာလဲ

Where?      ဘာကြောင့်လဲ   Why?   ဤသို့ လဲ? ဖြင့်ဆုံးသော မေးခွန်းများသည် ထိရောက်သောမေးခွန်းများဖြစ်ပြီး ယဉ်ကျေးမှု သင်တန်းကို တက်ရောက်နေကြသည့် လူငယ်မောင်မယ်တို့၏ တေးွ တောလို စိတ်၊ တီထငွ ်ကြံဆလိုစိတ်ကို နိုးဆွနိုင်ရန် အထောက်အပံ့ကောင်းဖြစ်စေနိုင်ပါသည်။ နမူနာမေးခွန်းမှာ–

သားတို့ သမီးတို့ ငါးပါးသီလကိုလူတိုင်းလုံဖို့ ဘာကြောင့်လိုတာလဲ?    (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)

သားတို့ သမီးတို့ ငါးပါးသီလထကဲ ဘယ်သီလလုံဖို့ အခတဆုံးလဲ?      (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)

သားတို့ သမီးတို့ ဘာအကောင်ကို သတ်ဖူးလဲ?                                    (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)

သားတို့ သမီးတို့ ပိုင်ရှင်မပေးဘဲ သူများရဲ့ ဘာပစ္စည်းကို ခိုးဖူးသလဲ?  (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)

သားတို့ သမီးတို့ ဘယ်သူ့ကို လိမ်ပြောခဲ့ဖူးသလဲ?                                (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)

သားတို့ သမီးတို့ ဘယ်သူ့ကို လိမ်ပြောခဲ့ဖူးသလဲ?                               (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)

သားတို့ သမီးတို့ ဘီယာနှင့် အရက် ဘာကွာသလဲ?                              (စဉ်းစဉ်းစားစားဖြေကြလိမ့်မည်)          ဤသို့ လဲ? ဖြင့်ဆုံးသောမေးခွန်းများကို မေးပါက ယဉ်ကျေးမှု သင်တန်းတက်နေသည့် သားငယ် သမီးငယ်များ တွေးတောကြံဆကာ စဉ်းစဉ်းစားစား ဖြေဆိုကြမည်ဖြစ်ပါသည်။ အဖြေ မှန်ရသည်အထိ စဉ်းစားပေလိမ့်မည်။ စဉ်းစားဉာဏ် ထက်လာခြင်းကို ပဓာန ပြုရပါမည်။ ကလေးငယ်တို့၏ မှားနေသည့် အခြေအတကွ် ဆရာ၊ဆရမတို့မှ အဖြေမှန်ပေးလိုက်ရုံသာ၊ သို့သော် အနီးစပ်ဆုံး အဖြေမှန်ရောက် သည်အထိ ထပ်ပြန်တလလဲ တစ်ဆင့်ပြီးတစ်ဆင့် (လဲ ?) ဖြင့်ဆုံးသည့် မေးခွန်းကို မေးရန် တိုက်တွန်းလိုပါသည်။

Ask မေးခွန်းမေးရမည် (အပိတ်မေးခွန်း)

Close Question အပိတ်မေးခွန်းမမေးသင့်ပါ။ Close Question ဟူသည် မြန်မာစကားဖြင့် (လား?) ဖြင့်ဆုံးသော မေးခွန်းအမျိုးအစားဖြစ်ပါသည်။ ထိုမေးခွန်းသည် ကလေးငယ်များအား တီထွင်ကြံဆမှုကို အားပေးသော အဖြေကို မရရှိစေနိုင်ပါ။ အကယ်၍ ငါးပါးသီလဆိုင်ရာ   မေးခွန်း များကိုပင်လား? နှင့်မေးခွန်းထုတ်မည်ဆိုလျှင်အောက်ပါမေးခွန်များ ထွက်လာပါလိမ့်မည်။

သားတို့ သမီးတို့် ငါးပါးသီလ လူတိုင်းလုံကြသလား?      လုံပါတယ် (ဝါ) မလုံပါဟု ဖြေကြပါမည်။

သားတို့ သမီးတို့ ငါးပါးသီလလုံဖို့ လွယ်ကူရဲ့လား?        လွယ်ကူပါတယ်(ဝါ)မလွယ်ကူပါဟုဖြေကြမည်။

သားတို့ သမီးတို့ အကောင်သတ်ဖူးသလား?                သတ်ဖူးပါတယ်(ဝါ)မသက်ဖူးပါဟုဖြေဆို ကြမည်။

သားတို့ သမီးတို့ သူများပစ္စည်းခိုးဖူးသလား?                 ခိုးဖူးပါတယ် (ဝါ) မခိုးဖူးပါ ဟုဖြေဆိုကြမည်။

သားတို့ သမီးတို့ သူများကို လိမ်ဖူးသလား?                   လိမ်ဖူးပါတယ် (ဝါ) မလိမ်ဖူးပါဟုဖြေဆိုကြမည်။

သားတို့ သမီးတို့ အရက်နှင့် ဘီယာ အတူတူဘဲလား?    အတူတူပါ (ဝါ) မတူပါ ဟုဖြေကြမည်။

ဤအဖြများသည် ကလေးငယ်များ၏ တီထွင်ကြံဆမှုကို အထောက်အကူမပြုနိုင်သောကြောင့် အပိတ်မေးခွန်း Close Question Type ဟု ခေါ်ခြင်းဖြစ်ပါသည်။       ယဉ်ကျေးမှု သင်ခန်းစာကို သင်ကြားပိုချနေသည့့်  ဆရာ၊ ဆရာမများ အနေဖြင့် မိမိသင်ကြားမည့် သင်ခန်းစာအတွက် ကလေးအသက်အရွယ်နှင့် သင့်တော်မည့် အဖွင့်မေးခွန်း Open Question များကို ကြိုတင်ပြင်ဆင်ထားမှသာ သင်ကြားရာတွင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ အကယ်၍ အတန်းထဲရောက်မှ လက်တန်းမေးခွန်းထုတ်မည်ဆိုလျှင် ကလေး၏အသက်အရွယ်နှင့် မကိုက်ညီသော မေးခွန်းလည်း ဖြစ်သွားနိုင်သဖြင့် သင်ကြားမှု အောင်မြင်ရန် အခက်အခဲ ရှိနိုင်ပါသည်။

Praise ချီးမွမ်းပေးရမည်

ဆရာမေးသော မေးခွန်းကို ဖြေနိုင်လျှင်လည်ကောင်း၊ ဝတ်စားဆင်ယင်မှုတွင် သန့်ရှင်းသပ်ရပ် လျှင်လည်းကောင်း၊ တံမြက်စည်းလှည်းလျှင် လည်ကောင်း၊ အမှိုက်ကို အမှိုက်ပုံးထဲတွင် စနစ်တကျ ပစ်လျှင်လည်းကောင်း၊ ထူးထူးခြားခြား ယဉ်ကျေးလိမ္မာလာလျှင်လည်းကောင်း၊ ဆရာ၊ဆရာမများ အနေဖြင့် ချီးမွမ်းစကားပြောရန် တုန့်ဆိုင်းမနေသင့်ပါ။ မဖြစ်မနေ ချီးမွမ်ဒးစကားကို ပြောကြားပေးခြင်း သည်လည်း ကလေးငယ်များရင်ထဲ ကောင်းမွန်မှန်ကန်သည့် လုပ်ရပ် စွမြဲစေရန် ကြီးစွာသော အထောက်အပံကောင်းဖြစ်စေပါသည်။

Advise အကြံပြုလမ်းညွှန်ရမည်

ဓမ္မကျောင်းတော် သင်တန်းသားများ သင်ခန်းစာ သင်ကြားရာတွင်လည်းကောင်း၊ ဝတ်စားဆင်ယင် ရာတွင် လည်ကောင်း၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ရေးအတွက် လည်းကောင်း လိုအပ်ချက်များ ရှိပါက အကြံ ပြု လမ်းညွှန်မှုကို ဆရာ၊ ဆရာမများက မဖြစ်မနေ ပေးရပါမည်။

Check ပြန်လှန် စစ်ဆေးရမည်

ကလေးများအား ဆရာ၊ ဆရာမများက သင်ကြားထားပေးသည့် သင်ခန်းစာများ အပေါ်တွင်လည်းကောင်း လိုက်နာရန် အကြံပြုချက်များ အပေါ်တွင်လည်းကောင်း၊ အခါမလပ် ပြန်လှန်စစ်ဆေးမှု ရှိရန်လည်း အရေးကြီးပါသည်။

သင်တန်းသားများ၏ ရဲရဲဝံ့ဝံ့မေးလာသည့် မေးခွန်းများ

CCA သင်ကြားမှုစနစ်နှင့် မရင်းနှစ်သေးသည့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူ များသည် ဘာသာရပ်တစ်ခုကို သင်ကြားပြီးသည်နှင့်   ဆွေးနွေးရန် ဖိတ်ခေါ်လိုက်လျှင် ဘာကို ဆွေးနွေးရမလဲ? ဘာကိုမေးရမလဲ? ဟုတွေတွေဝေဝေ စဉ်းစားနေလေ့ ရှိသည်ကို သာတွေနေရပါသည်။ ယဉ်ကျေးမှု  အစဉ်အလာအရ စာပေသင်ကြားပေးသည့် အာစရိယ ဆရာကို ရိုသေရမည်။ ပန်လှန် မပြောရ၊ မငြင်းခုံရ၊ ဤသို့ပြုလျှင် ဆရာကို ဆန့်ကျင်ရာ၊ မလေးစားရာကျကြောင်း ခံယူ ထာကြသည်ကို ယနေ့ ဗုဒ္ဓဘာသာ လူငယ်များပါမက ခေတ္တပညာတတ် လူကြီးတချို့ပင် တွေ့မြင်နေရ ပါသည်။ အရိုးစွဲနေသော  အကျင့်ဖြစ်သဖြင့်  CCA စနစ်ဖြင့် သင်ကြားရာတွင်  အောင်မြင်ပါ့မလား? ဟု  စိုးရိမ်စရာရှိလာပါသည်။ သို့သော် CCA သင်ကြားနည်း၏ သဘောသဘာဝကို  ရင်နှီးလာကြသည့်  အလယ်တန်း၊ အထက်တန်းတွင်  သင်ကြားနေသည့် ဓမ္မကျောင်းတော်  ကျောင်းသူကျောင်းသားများ သည်ပင် ဗုဒ္ဓဝင်သင်ခန်းစာ သင်ကြားပြီးနောက် အုပ်စုလိုက်ဆွေးနွေးစေရာတွင်  ခေါင်းဆောင် Group Leader များမှတဆင့် အောက်ပါမေးခွန်းများအထိ ရဲရဲဝံ့ဝံ့ မေးမြန်းလာကြပါသည်။

(က) မြတ်စွာဘုရားအလောင်းတော် မိဘခွင့်မပြုဘဲ တောထွက်ပြီး တရားအားထုတ်တာ အပြစ်မဖြစ်ဘူးလား?
(ခ) သားတော်ရာဟုလာနှင့် ယသော်ဓရာသားအမိတို့ကို ပစ်ထားတာ ငရဲမကြီးဘူးလား?
(ဂ) နန္ဒမင်းသားကို သပိတ်ပိုက်ခေါ်သွားပြီး ဘုန်းကြီးဝတ်ပေးတော့ ဇနပဒကလျာဏီနှင့် ချစ်ခြင်းကို ခွဲလိုက်တာ ငရဲမကြီးဘူးလား?
(ဃ) သားတော်ရာဟုလာလေး ငယ်ငယ်လေးကို ကိုရင်ဝတ်ပေးပြီး အမေနှင့် ရာသက်ပန်ခွဲလိုက်တာ မကောင်းဘူးထင်တယ်၊ ငရဲမကြီးဘူးလား။

အသိတရားဖြင့် ဆုံးမခြင်း

လူငယ်မောင်မယ်များကို အကြောက်တရားဖြင့် မဆုံးမသင့်ပါ။ ယဉ်ကျေးလိမ္မာစေမည့် အသိတရားများ ပေးဝေမျှသည့် နည်းလမ်းဖြင့်သာ ဆုံးမသင့်ပါသည်။ အကြောက်တရားကြောင့် မိဘ ဆရာတို့၏ ရှေ့တွင် မလုပ်ဝံ့သော အမှုကို ကွယ်ရာတွင် လုပ်ကြပါသည်။ အသိတရားရှိလျှင် ရှေ့တွင် သာမက ကွယ်ရာတွင်လည်း လုပ်ဝံ့ကြမည် မဟုတ်ပေ။   ဆရာကြီးရွှေဥဒေါင်း၏တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်  စာအုပ်တွင်ရေးသားထားသည့်  မှတ်သားစရာကောင်းသည့်   အောက်ပါစာပိုဒ်မှာ  လူတိုင်းလူတိုင်း၏ ဘဝနှင့်  တိုက်ဆိုင်ကောင်းတိုက်ဆိုင်မည် ဖြစ်သော်လည်း သွယ်ဝိုက်၍ကားတိုက်ဆိုင်မည်ဖြစ်ပါသည်။“အရိုက်ကြမ်းတဲ့အဖေကိုကြောက်ရတဲ့  အတွက် အဖေမကြိုက်တာကို အဖေရှေ့မှာမလုပ်ရဲပါဘူး။ ဒါပေမယ့်  အဖေ့ကွယ်ရာမှာတော့ခိုးလုပ်ပါတယ်၊ တစ်ခါမျှတုတ်တစ်ချက်မကိုင် ဘူးတဲ့  အင်မတန်အေးဆေး  ပျော့ပျောင်းတဲ့ အမေကိုတော့  လေးစားတဲ့အတွက်  အမေမကြိုက်တာကို  အမေ့ရှေ့ရော၊  အမေ့ကွယ်ရာမှာပါ မလုပ်ပါဘူး။”

အုပ်စုအရွယ်အစား

CCA သင်ကြားရာတွင် အုပ်စုဖွဲ့ဆွေးနွေးခြင်းလည်းပါဝင်သဖြင့် စံသတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် အုပစုငယ်များ ဖွဲ့ပေးရပါမည်။ တနင်္ဂနွေနေတိုင်း  တက်ရောက်လာသည့်  ရင်သွေးငယ်များကို ဆရာအရေအတွက်ပေါ် မူတည်ကာ အုပ်စုဖွဲ့ပေးနိုင်ပါသည်။ ကျောင်းသား ဗဟိုပြုCCAသင်ကြားနည်းတွင်  ကမ္ဘာက စံပြုထားသည့် အုပ်စုအရွယ်အစားမှာ ၁၂- ယောက်ဖြစ်ပါသည်။ ၁၂  ယောက်ထားရခြင်းမှာ  ၆  ယောက်နှစ်အုပ်စု၊  ၃  ယောက် လေးအုပ်စုစသည်ဖြင့် အုပ်စုငယ်များ စဉ်နိုင်ရန် ဖြစ်ပါသည်။ ထိုပြင် သုတေသန ပြုချက်များအရ ၁၂ ယောက်တစ်အုပ်စုသည် အချင်းချင်းကြားနိုင်စွမ်း၊  မြင်နိုင်စွမ်း၊  ဆွေးနွေးနိုင်စွမ်း၊  ခံယူနိုင်စွမ်းအကောင်းဆုံးဖြစ်သည်ဟု ဆိုထားပါသည်။ သိုသော် လက်တွေ့  လုပ်ဆောင်ရာတွင်  ရံခါ တစ်ယောက်နှစ်ယောက် အပို၊ အလိုလည်း ရှိကောင်းရှိတက်ပါသည်။

အုပ်စုအမည်

အုပ်စုအမည်ကို အုပ်စု A၊ အုပ်စု B၊ အုပ်စု C စသည်ဖြင့် မှည့်ခေါ်နိုင်ပါသည်။ သင်ခန်းစာ သင်ကြားပြီးသည်နှင့် ထိုအုပ်စုတို့သည် သင်ရာသင့်ရာ နေရာများတွင် သွားရောက်ဝိုင်းဖွဲ့ကာ   ဆွေးနွေးစေရပါမည်။ ရာသီဥတုနှင့် ပတ်ဝန်းကျင်ပေါ် မူတည်ပြီး သစ်ပင်ရိပ်များ၊ စေတီပုထိုးရင်ပြင် များ၊  ကျောင်းဇရပ်၏ ပြင်ပ  အရပ်ရသည့် နေရာများကို ပို၍ ဦးစားပေးရွေးချယ် သင်ပါသည်။ နံရံလေးဖက် ကာရံထားသည့် စာသင်ခန်းထဲ နေရသည်ထက် စာသင်ခန်း၏ ပြင်ပနေရာများသည် ကလေးငယ်များ၏ စိက်ကို ပို၍လန်းဆန်းစေပါသည်။ ဆန်းသစ်သော  အတွေးအခေါ်များကိုလည်း တီထွင်ကြံဆရာတွင်လည်း  တီထွင်ကြံဆရာတွင် များစွာ  အထောက်အကူ  ဖြစ်စေသည်ဟု ပညာရှင်များက  ဆိုကြပါသည်။

Loading

By admin