အမှတ်စဉ် (၂၅/၂၀၁၆) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၌ စက်တင်ဘာလ (၂)ရက်နေ့တွင်ဖွင့်လှစ်ရာ သင်တန်းသို့ ပြည်နယ်တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်ကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေမှ(၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၁၇)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၄)ဦးနှင့် ရှမ်းပြည်နယ်မှ(၂၃)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြပါသည်။ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၃၃)ဦးဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားအဖွဲ့ ဗဟိုအတွင်းရေးမှုး(၁)နှင့် နေပြည်တော် ယဉ်ကျေလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ ရန်ကင်းတောရ ဆရာတော်ဘုရားမှ အဖွင့်သြဝါဒစကား မိန်ကြားခဲ့ပါသည်။
သင်တန်းကာလအတွင်း သင်ကြားရမည့် အကြောင်းအရာများနှင့် သင်ကြားနည်းစနစ်များကို မိန့်ကြားခဲ့ပြီး ရပ်ဝေးမှ သင်တန်းသားများအား နွေးနွေးထွေးထွေး သြဝါဒစကားများ မိန့်ကြားခဲ့ပါသည်။