ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၇ / ၂၀၁၅ ) ကို စက်တင်ဘာလ ( ၅ )ရက် နေ့မှ(၁၂)ရက်နေ့အထိ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ၌ ဖွင့်လှစ်ပို့ချလျှက်ရှိပါသည်။
ဤသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ ( ၇ ) ဦး၊ ရန်ကုန်းတိုင်းဒေသကြီးမှ ( ၄ ) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ( ၉ ) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ( ၁၄ ) ဦးနှင့် မကွေးတိုင်းဒေသကြီးမှ (၄၈) ဦး စုစုပေါင်း ( ၈၂ ) ဦး တက်ရောက်လျှက်ရှိပါသည်။
ဤဌာနတွင်ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းများကို ၂၀၀၈ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့မှစတင်ဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့အထိ ( ၁၂၅ ) ကြိမ် ရှိခဲ့ပါသည်။ထိုသင်တန်းများသို့ ပြည်နယ်နှင့် တိုင်းအသီးသီးမှ ဆရာ၊ ဆရာမစုစုပေါင်း ( ၉၉၃၃ ) ဦးတက်ရောက်သင်ကြားခဲ့ပါသည်။ သင်တန်းဆင်းပြီး ဆရာဆရာမတို့သည် မြန်မာနိုင်ငံတစ်ဝှမ်း တွင် ဓမ္မကျောင်းတော်များ ဖွင့်လှစ်သင်ကြားလျှက်ရှိကြပါသည်။
ဤစင်တာမှ တနင်္ဂနွေဓမ္မကျောင်းတော် များ ဖွင့်လှစ်ရန်အခက်အခဲရှိနေသည့် ဒေသများကို အထူးဦးစားပေးကာ ကူညီဆောင်ရွက်ပေးနေသည်။ ထို့ကြောင့် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာသို့ ဆက်သွယ်စုံစမ်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ
ဖုန်း ၀၉ ၈၃၀ ၄၄၄၆ ၊ ၀၉ ၇၉၇ ၃၀၃၀ ၂၁ ၊ ၀၉ ၄၃၀ ၇၅၇၀၄
792 total views, 3 views today