ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ ( ၁၂ ) ရက်နေ့ နေ့လည် ( ၁၂း၃၀ ) နာရီတွင် ရန်ကင်းတောရ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဆင်းပွဲကို မြတ်စွားဘုရားရှင်အား “နမောတဿ မဟာပဏာမ “ဘုရားရှိခိုးဖြင့် (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ အတွင်းရေးမှူး (၁) ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော် ရန်ကင်းတောရ ဆရာတော်မှ မိမိအသိစိတ်ဓာတ်ဖြင့် တာဝန်ကိုပြီးပြည့်စုံအောင် အနာခံစိတ်ထား၍ လုပ်ဆောင်ရန် သြဝါဒစကားမိန့်ကြားခဲ့ပါသည်။
ထို့နောက် လယ်ဝေးမြို့နယ် ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးကော်မတီနာယက၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ယာယီတာဝန်ခံကျောင်းအုပ် မြို့နယ်ပညာရေးမှုး (ငြိမ်း) ဆရာကြီးဦးအောင်မြင့်မှ ဓမ္မကျောင်းတော်ဆိုင်ရာ ဆောင်ရွက်ချက်များကို လည်းကောင်း သင်တန်းသားများ ကိုယ်စား သင်တန်းသူ လည်စွဲအမှတ်(၆၆) သတ(၈၅၈) ဒေါ်မာမာအေးမှ ကျေးဇူးတင်စကား လျှောက်ထားခဲ့ပါသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များနှင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှားများ ပေးအပ်ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု“ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။