
ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာနတွင် နိုဝင်ဘာလ (၁၀) ရက်မှ (၂၀) ရက်ထိ လူလတ် နှင့် လူကြီး ၀ိပဿနာတရား စခန်း အမှတ်စဉ် (၁၂၁) ကို ဖွင့်လှစ်ပါသည်။
ဆရာတော်မှ သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာ(၃) ရပ်ကို ဖြည့်ကျင့် တတ်ရန်အတွက် သင်ကြားပေးပါသည်။ ၀ိပဿ နာ ဟူသော ဘာသာ ရပ်သည် ယောဂီများအတွက် မရင်းနှီး သော ဘာသာရပ်ဖြစ်၍ မြတ်ဘုရား၏ အဆုံးအမစကားတစ်ခု နားဝင်နိုင်ရန်ပင် ခက်ခဲလှပါကြောင်း၊ ယခု ယောဂီများ လျှောက်လှမ်းနေသောလမ်းသည် မဂ္ဂင်လမ်းဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။
ယောဂီများအနေဖြင့် မြတ်စွာဘုရား ဟောကြားခဲ့သော ကုသိုလ်၊ အကုသိုလ် ကိုစာတွေ့သော်လည်းကောင်း၊ တရားနာ၍ သော်လည်းကောင်း သိရပြီးလျှင် မိမိ၏ ခန္ဓာနှင့်တိုက်ပြီး သိရန်လည်း လိုအပ်ပါကြောင်း၊ အကုသိုလ်အလိုလို ဖြစ်ရာမှ ကုသိုလ်အလိုလို ဖြစ်လာသည်အထိ လေ့ကျင့်ပေးရန် လိုအပ်ပါ ကြောင်း၊ ၀ိပဿ နာ ကို သေသေချာချာ အားထုတ်တတ်လာလျှင် မဂ္ဂင်(၈)ပါး အကျင့်မြတ်သည်လည်း ဘ၀ထဲသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းကို ယနေ့ သြ၀ါဒပေးတော်မူပါသည်။