IMG_1594

အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် သင်တန်း
Dhamma Training Center

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် သင်တန်း ကို ယနေ့ တနင်္ဂနွေ့နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြား ပို့ချပေးပါသည်။

ဝိသုဒ္ဓိမဂ် ဖြစ်ပေါ်လာရခြင်း၏ ပထမဦးဆုံးမေးခွန်း ဖြစ်သော နတ်သားမှ မြတ်စွာဘုရားအား မေးလျှောက်ထားခြင်းနှင့် မြတ်စွာဘုရားမှ ပြန်လည် ဖြေကြားခြင်း ဂါထာတော်ဖြင့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

“အန္တောဇဋာ ဗဟိဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ

တံတံဂေါတမ ပုစ္ဆာမိ၊ ကောဣမံ ၀ိဇဋယေ ဇဋံ”

နတ်သားမှ အရှင်ဂေါတမ၊ တဏှာတည်းဟူသော ကွန်ရက်သည် သတ္တ၀ါအပေါင်းကို ငြိတွယ်ချုပ်စပ်၊ မြှေးရစ်အပ်ပေ၏။ ထိုတဏှာ အမြှေးအယှက်ကို အဘယ်သူသည် ရှင်းလင်းနိုင်ပါအံ့နည်းဟု မေးလျှောက်ရာ – မြတ်စွာဘုရားမှ

“သီလေ ပတိဋ္ဌာယ နရောသပညော၊ စိတ္တံ ပညဉ္စ ဘာဝယံ

အာတာပီ နိပကော ဘိက္ခု၊ သောဣမံ ၀ိဇဋယေ ဇဋံ”

ပဋိသန္ဓေပညာရှိ၍ ပြင်းစွာအားထုတ်မှုရှိသော ရင့်ကျက်သည့် ပညာရှိ သော (သံသရာဘေးကို) ရှုလေ့ရှိသည့် ပုဂ္ဂိုလ်သည် သီလ၌တည်၍ (သမာဓိ) စိတ်ကိုလည်းကောင်း၊ (၀ိပဿနာ) ပညာကိုလည်းကောင်း ပွားစေလျှက် ဤဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းနိုင်၏ဟု မြတ်စွာ ဘုရားမှ ဖြေကြားတော်မူခဲ့ပါသည်။

ဘုရားဟောဂါထာကို မူတည်၍ ဥာဏ်ပညာကြီးမားတော်မူသော အဋ္ဌကထာဆရာတော် အရှင်မဟာဗုဒ္ဓဃောသသည် နိဗ္ဗာန်ရောက် လမ်းမကြီးဖြစ်သော ၀ိသုဒ္ဓိမဂ်ကို သိကြစေခြင်း အကျိုးငှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို အကျယ်ဖွင့်ဆို ရေးသားတော်မူခဲ့ပါ၏။

ယနေ့ ရန်ကင်းတောရဆရာတော်မှ ပစ္စယသန္နိဿိတသီလကို ပညာ ဖြင့်ပြီးပြည့်စုံ စေအပ်ခြင်း” “ဆင်ခြင်ခြင်း၂ မျိုး၊ သုံးဆောင်ခြင်း ၄ မျိုး ဖြစ်သော (က) ထေယျပရိဘောဂ (ခ) ဣဏပရိဘောဂ (ဂ) ဒါယဇ္စ ပရိဘောဂ (ဃ) သာမိပရိဘောဂအကြောင်းတို့ကို အကျယ်တ၀င့် ရှင်းလင်း မိန့်ကြားတော် မူခဲ့ပါသည်။

ဒါယဇ္စပရိဘောဂ – အမွေခံဖြစ်၍ သုံးဆောင်ခြင်း ဟူရာ၌ –

ဓမ္မဒါယဒါ – ဓမ္မအမွေခံ၊ အာမိသဒါယဒါ – ပစ္စည်းလဘ်လာဘ အမွေခံဟူ၍ သာသနာမှာ အမွေနှစ်မျိုးလုံးရနိုင်ပါသည်။ သို့သော် မြတ်စွာဘုရားမှ

“ဓမ္မဒါယဒါ မေဘိက္ခဝေ၊ ဘ၀ထမာ အာမိသဒါယဒါ”

“ရဟန်းတို့ သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့ သာဖြစ်ကြ ကုန်လော့၊ ပစ္စည်းလာဘ်လာဘ အမွေခံ မဖြစ်ကြကုန်လင့်”ဟု သင်ကြားတော် မူခဲ့ပါသည်။

 818 total views,  3 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *