နေပြည်တော်၊ ရန်ကင်းတောရ ပရိယတ် ပဋ္ဋိပတ်ဌာန၌ အောက်တိုဘာ လ (၉) ရက် တနင်္ဂနွေနေ့ နေ့ လည်၁း၀၀ နာရီ မှ ၄း၀၀ နာရီအထိ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ် သင်တန်းကို ရန်ကင်းတောရ ဆရာတော်မှ သင်ကြားပို့ချပေးပါသည်။
ဣန္ဒြိယသံဝရသီလကို စောင့်ဆည်းသည့် ၀ိသုဒ္ဓိမဂ် ကျမ်းစာတွင်လာ ရှိသည့် စံပြပုဂ္ဂိုလ်များ အကြောင်းကို သင်ကြားပေးတော်မူပါသည်။
၁။ အရှင်ဝင်္ဂီသမထေရ်
၂။ အရှင်စိတ္တဂုတ္တမထေရ် နှင့်
၃။ မဟာမိတ္တမထေရ် မြတ်ကြီးတို့သည် ဣန္ဒြိယသံဝရသီလကို စောင့်ထိန်းကြပုံကိုလည်း အကျယ်တ၀င့် ရှင်းလင်း မိန့်ကြားတော်မူခဲ့ပါ သည်။
တပည့်ယောဂီများအား မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ကို သတိဖြင့် စောင့်ရှောက်ခြင်းသည် တရားအားထုတ်သည့် အလုပ်တစ်ခု ဖြစ်ပါကြောင်း၊ သီလစွဲမြဲစေရန်လည်းကောင်း မိမိအားထုတ်သော ကမ္မဋ္ဌာန်းတရား တိုးတက်စေရန်လည်းကောင်း ဣန္ဒြိယသံဝရသီလကို ပြည့်စုံအောင် ထိန်းသိမ်းရပါမည်။ ထိုသို့စောင့်စည်းခြင်းသည် မြတ်သောအကျင့်ကိုကျင့်ခြင်း ဖြစ်ပါကြောင်း ဟောကြားတော်မူခဲ့ပါသည်။