အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ် သင်တန်းကို စက်တင်ဘာလ (၁၁)ရက် တနင်္ဂနွေနေ့ နေ့လည် (၁း၀၀)နာရီတွင် ရန်ကင်းတောရဆရာတော်မှ ပို့ချသင်ကြားခဲ့ပါသည်။
ဆရာတော် အရှင်ခေမာနန္ဒ ရန်ကင်းတောရ (သပြေပင်) ရေးသားပြုစုသည့် ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်းသိသင်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ အပိုင်း(၁) စာအုပ်ထဲမှ
(က) အမျိုးသမီး ထမီမှ ရဟန်းနေရာထိုင်ခင်း ဖြစ်ကောင်းပါသလား
(ခ) သံဃာတော်များ ကြွလာတာကို ဒကာမကြီးများ ဆံပင်ဖြန့်ခင်းပြီး ပူဇော်တာ အပြစ်ရှိပါသလား။
(ဂ) ဂိလာနရဟန်းသံဃာတော်များကို အမျိုးသမီး ဆရာဝန်၊ အမျိုးသမီးသူနာပြုတို့က ဘယ်လိုဆက်ဆံရပါမလဲ။
(ဃ) ရဟန်းနှင့် မာတုဂါမ တစ်မိုးတစ်ရံထဲမှာ ညကျိန်းမိရင် အာပတ်သင့်တတ်ပါသလား။
(င) ရဟန်းပစ္စည်း မိဘများကို ပေးကောင်းပါသလား။
(စ) ကျောင်းပိုင်ပစ္စည်းများ၊ ရဟန်းပိုင်ပစ္စည်းများ ဒကာ၊ ဒကာမတွေကို ပေးခွင့်ရှိပါသလား။
(ဆ) ရဟန်းထိုင်နေတဲ့ ခုံတန်းလျားမှာ မာတုဂါမ လာထိုင်ရင် အာပတ်သင့်ပါသလား။
(ဇ) မာတုဂါမမောင်းတဲ့ကား စီးရင် ရဟန်းမှာ အာပတ်သင်ပါသလား စသည့်အချက်များကို လူပုဂ္ဂိုလ်များအား အသိပညာ ရရှိစေရန် အကျယ်တဝင့် ပို့ချ ခဲ့ပါသည်။
ဆရာတော်မှ ဒကာ၊ ဒကာမများကို သာသနာမှာ အကျိုးရှိအောင် လုပ်နိုင်ရင် အလွန်ကျေးဇူးများကြောင်း မိန့်ကြားခဲ့ပါသည်။