အထူးကြေငြာချက်
WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို
ကူးစက်မြန်ရောဂါဟု သတ်မှတ်ထားသဖြင့် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန် ကျောင်း)တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်းပို့ချလျှက်ရှိသည့် ပဋ္ဌာန်းပဥှာဝါရသင်တန်းကို ခေတ္တရပ်နားရန်လိုအပ်ကြောင်းဆရာတော်မိန့်ကြားတော်မူပါသည်။သင်တန်းများပြန်လည်ဖွင့်လှစ်မည့်ပို့ချမည့်ရက်ကို နိုင်ငံတော်၏ကြေငြာချက်ပေါ်မူတည်ပြီး ထပ်မံကြေငြာပေးပါမည်။