ဆရာကြီးဦးမြင့်ဦးသည် နေပြည်တော် တိုင်းပညာရေးမှူး ရာထူးမှ အနားယူမည့်နှစ် မတိုင်မီကပင် နေပြည်တော် ရန်ကင်းတောရ ဆရာတော်၏ သာသနာပြုလုပ်ငန်းများကို အားတက်သရော စောင့်ရှောက် ကူညီပေးခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင် ပညာဌာနမှ အငြိမ်းစားယူပြီးသည့် နောက်ပိုင်းတွင်မူ မိသားစုရှိရာ နေပြည်တော် တပ်ကုန်းမြို့၌ နေထိုင်သည့်ရက်က တဖြည်းဖြည်းနည်းပါးလာပြီး ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန၏ သင်တန်းကျောင်းအုပ်ကြီး ရာထူးအပ်နှင်းထားရာ နေပြည်တော်လယ်ဝေးမြို့ရန်ကင်းတောရကျောင်း၌အမြဲတမ်းယောဂီအဖြစ်နေထိုင်ခဲ့ပါသည်။ဆရာကြီးသည် ဘဝ၏လက်ကျန်အချိန်ကို မြတ်စွာဘုရားရှင်၏ သာသနာတော်အတွက်သာဟု ခံယူကာ သာသနာ့ တာဝန် များကို နေ့မနား ညမနား စွမ်းစွမ်းတမံ ထမ်းဆောင်ကာကုသိုလ်ယူခဲ့ပါသည်။
ဆရာကြီး၏ တစ်နေ့တာကို တရားအားထုတ်ခြင်း၊ တရားနာကြားခြင်း၊ တရာစာပေများ ဖတ်ရှု လေ့လာခြင်းဖြင့်ကုန်လွန်စေပါသည်။ နည်းပြဆရာဖြစ်သင်တန်းများရှိသည့် ကာလများတွင်မူ သင်တန်း ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပါသည်။ပင်စင်ယူပြီးသည့်အချိန်မှစ၍ နေထိုင်မကောင်းသည့် နေ့ရက်များ၌ ပင်ဥပုသ်သီလကို မကျိုးပေါက်စေဘဲ မြတ်မြတ်နိုးနိုးစောင့်ထိန်းခဲ့သည့် ဆရာကြီးဖြစ်ပါသည်။
ဆရာကြီးသည် မာန်မာန အလွန်နည်းပါးသူဖြစ်ပါသည်။ ရဟန်းသံဃာ သီလရှင်ဆရာလေးများ အပေါ်တွင် သာမက ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများကိုလည်း လေးလေးစားစားဆက်ဆံတတ်သူဖြစ်ပါသည်။
ရန်ကင်းတောရကျောင်းမှ ကိုရင်လေးများကို ရိုရိုသေသေလေးလေးစားစား လက်အုပ်ချီကာ ပြောဆိုဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရသည့်သင်တန်းသားများအနေဖြင့်တစ်သက်တာ မေ့မရဖြစ်ကြရပါသည်။ ဆရာကြီးသည် သောဝစဿတာဂုဏ်နှင့်လည်း ပြည့်စုံသူဖြစ်ပါသည်။ဆရာတော်မှအမှတ်တမဲ့အားဖြင့် မိန့်ကြား တော်မူသည့်စကားကိုပင် မိမိအားဆုံးမသည်ဟုခံယူကာ သူ၏နေ့စဉ်မှတ်တမ်းတွင် ဆရာတော်ဘုရားမှ……………ဤသို့ဆိုဆုံးမပေးတော်မူပါသည်၊ယနေ့မှစ၍ ပြုပြင်ပါတော့မည်ဟု မှတ်းတမ်းရေးသားကာ မြတမြတ်နှိုးနှိုးလိုက်နာကျင့်သုံးလေ့ရှိပါသည်။
သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ၊ သင်တန်းသားတို့ဖိနပ်များ မညီမညာ ချွတ်ထားသည် ကိုမြင်လျှင် ဆရာကြီးကိုယ်တိုင်သူ၏ လက်ဖြင့်ဖိနပ်များကို အစီအရီစီပေးလေ့ရှိပါသည်။ သင်တန်း ကျောင်းအုပ် ဆရာကြီးသည် သင်တန်းသူသင်တန်းသားများ ထမင်းစားသုံးပြီးချိန်၌ သာနောက်ဆုံးတွင် ကျန်ရှိသည့်ဟင်းလျာများဖြင့် မျှတစွာသုံးဆောင်ပါသည်။
ဆရာကြီးဦးမြင့်ဦးသည် ၁၉၅၂ ဇူလိုင်လ(၆)ရက်နေ့တွင် ဖွားမြင်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ အသက် (၆၂)နှစ်နှင့် (၁၀)ရက်ပြည့်သည့်နေ့တွင် ကွယ်လွန် အနိစ္စရောက်ခဲ့ပါသည်။
နှလုံးရောဂါစိတ်ဖိစီးမှုဒဏ်ကို ကာလရှည်ကြာကပင် ခံစားနေခဲ့ရသော်လည်း ဝိပဿဿသ နာရားတော်၏ သတ္တိကြောင့် စိတ်ငြိမ်းအေးစွာဖြင့် မရဏသေမင်းကို ရင်ဆိုင်သွားခဲ့ပါသည်။
မိသားစုအတွက် ဆုံးရုံးမှု တစ်ရပ်ဖြစ်သကဲ့သို့ ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာန (နေပြည်တော်) အတွက်လည်း တန်ဖိုးဖြတ်၍မရ၊ အစားထိုး၍လည်းမရ နိုင်သည့် ပညာရှိတစ်ဦး ဆုံးရှုံးခြင်းဖြစ်ပါသည်။
ဆရာကြီးဦးမြင့်ဦး
ဆရာကြီး၏ သင်တန်းအမှတ်တရလေးများ
ဓမ္မကျောင်းတော်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနည်းပြဆရာဖြစ်သင်တန်းဌာန(နေပြည်တော်)
69 total views, 5 views today