ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
အစည်းအဝေး At Meeting
“သူတို့ အစည်းအဝေးလာတာ နောက်ကျလို့လည်း စောင့်ရသေးတယ်။ ရောက်ပြန်တော့ လည်း ငြင်းခုန်နေတာနဲ့ပဲ နေ့တစ်ပိုင်း ကုန်သွားတယ်။ အလုပ်လည်း ပျက်သေးတယ်၊ အကျိုးလည်း မရှိလိုက်တာကွာ”…လို့ ခဏခဏ ဖြစ်ဖူးမှာပါနော်။
စိတ်ထဲ တင်းတင်းကျပ်ကျပ် မကျေမနပ်နဲ့ပဲ အစည်းအဝေးခန်းထဲက ထွက်လာခဲ့ရပြီ။ အစည်းအဝေးခန်းရဲ့ အပြင်ဘယ်ကို ရောက်ရင် သတိလေး ကပ်ပြီးတော့မှ ၀င်လေ၊ ထွက်လေ ၀၀လေး၊ သုံးလေးခေါက်လောက်တော့ ရှုလိုက်ပါဦးလား။

ပြီးမှ ကိုယ့်စိတ်ထဲ ဘယ်လို ခံစားနေရသေးသလဲ၊ သတိပြုလိုက်ပါဦးနော်။ စိတ်ကြည်ကြည် လင်လင်လေးနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါဦး။
မိုးကောင်းကင်ကိုလည်း မော့ကြည့်လိုက်ပါဦးလား။ ကောင်းကင်ပြာကြီး လှလိုက်တာနော်လို့ ခံစားရရင် အစည်းအဝေးခန်းထဲက စိတ်ရှုပ်ထွေးမှုတွေ နည်းနည်းတော့ ပြေလျှော့သွားပါပြီ။
Busy world ထဲမှာ ငြိမ်သက်တဲ့စိတ်၊ အေးချမ်းတဲ့စိတ်၊ တည်ငြိမ်တဲ့စိတ်၊ ရောင့်ရဲနိုင်တဲ့စိတ်၊ ညီညွတ်မျှတတဲ့စိတ်နဲ့ နေတတ်ဖို့ အရင်ကထက်ကို ပိုလို့ အရေးကြီးလာပြီနော်။
Be mindful and have a peaceful heart in this “busy world’’