အခါတွင်းသင်္ကြန်မှာ ဘယ်သူတွေဘယ်လိုပျော်ပျော် ရန်ကင်းတောရမှာတော့ ပုံမှန်စီးဆင်းမြဲဖြစ်တဲ့ သင်္ကြန်သင်တန်းကတော့ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်အတူ တရွေ့ရွေ့ လျှောက်လှမ်းနေလေရဲ့ ။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်မည့် လူငယ်မောင်မယ်များအနေနှင့်လည်း ခေတ်နှင့်အညီလိုက်၍ မြူ းထူးပျော်ပါးမနေကြဘဲ သာသနာတော်ရေရှည်တည်တံ့ရန်အတွက် အားသွန်ခွန်စိုက် ဓမ္ဓစာပေများကို သင်ကြားပို့ချပေးနေသည့် မည်သည့်ဌာနတွင်မဆို သင်တန်းတက်ရောက်ခြင်း၊ ဝေယျာဝစ္စများပြုလုပ်ခြင်း၊ တရားစခန်းများဝင်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့်လည်း သာသနာတော်ကို စောင့်ရှောက်နိုင်ကြပါသည်။ ဤကဲ့သို့ သာသနာတော်ကို စောင့်ရှောက်ရန်မှာ ဗုဒ္ဓဘာသာဝင် အမျိ ုးကောင်းသား အမျိ ုးကောင်းသမီးတိုင်း၏ မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်ဖြစ်ပေသည်။

Loading

By admin