ထိုးထွင်းအသိ (Intuitive Idea)


ဒီနေ့မှ လုပ်ငန်းစလုပ်တဲ့ လုင်ငန်းခွင်ပေါက်စနဲ့ ကြီးမားတဲ့လုပ်ငန်းပမာဏကို နှစ်ပေါင်းများစွာလုပ်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ အဖွဲ့အစည်းတို့ကြားမှာ စုဆောင်းရရှိနေတဲ့ သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေးဟာ တန်းတူဖြစ်နေတဲ့အတွက် (Intuitive Idea) ကိုမှ အားမကိုးနိုင်ရင် အဲဒီ့အဖွဲ့အစည်းဟာ ဧကန်မုချနောက်ကျ ကျန်ရစ်ခဲ့တော့မယ်လို့ ကမ္ဘာ့ ပညာရှင်အများက အလေးထားပြောဆို ဆွေးနွေးနေ ကြပါပြီ။
တစ်ဖက်မှာလည်း Intuitive Idea ကို ဘယ်လို ပြုစုပျိုးထောင် လေ့ကျင့်ရမလဲဆိုတာကို လည်းပဲ သုတေသန အဆင့်ဆင့် ပြုလုပ်နေကြပါ တယ်။ အဲသလို သုတေသနပြုနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ Dr. Harry Alder ကလည်း လူသိများပါတယ်။ ကမ္ဘာပေါ်မှာ ထိပ်တန်းနေရာမှာရှိပြီး အောင်မြင် ကျော်ကြားတဲ့ ပုဂ္ဂိုလ် (၁၅၀)ကို တွေ့ဆုံခဲ့ပြီး သူတို့ လုပ်ငန်းခွင်ပြဿနာကို ဘယ်လိုစဉ်းစားဆုံးဖြတ် ကြတယ်ဆိုတဲ့ တွေ့ရှိချက်က ရှေးရိုးစွဲအသိကနေ ခွဲထွက်ဖို့ စဉ်းစားချိန် ရောက်လာပြီလို့ လမ်းညွှန်ပေး နေပါတယ်။
ဒါပေမယ့် ရင်ထဲမှာ အလိုအလျောက် ထိုးထွင်း ပြီးတော့မှ သိတဲ့အသိ Intuitive Idea ရရှိလာဖို့ ကျင့်ပုံ ကျင့်နည်း၊ ထူထောင်ပုံ ထူထောင်နည်းကိုတော့ သိပ္ပံပညာက “ဒါပါပဲ” လို့ တိတိကျကျ လက်ဆုပ် လက်ကိုင်ပြဖို့ ခုချိန်ထိတော့ အတော်ကြီးပဲ အခက်အခဲ ရှိနေပါသေးတယ်လို့ ပညာရှင်များက ဆိုပါတယ်။

 56 total views,  1 views today

Leave a Reply

Your email address will not be published.