မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ရေးဖြေစစ်ဆေးခြင်းကို (၉.၄.၂၀၁၆)နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာအနေဖြင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ တောင်ဘက်အနီး တွင်ရှိသော မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်တွင် နံနက်(၈း၃၀) မှ (၁၁)နာရီအထိဖြစ်ပြီး စုစုပေါင်းမြို့နယ်(၉)မြို့နယ်မှ ကျောင်းသား/သူ ပေါင်း(၅၄၃)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပါသည်။