ပြင်ဦးလွင်မြို့တွင် မြို့နယ်လုံးဆိုင်ရာ တနင်္ဂနွေ  ဓမ္မကျောင်းတော် (၂)နှစ်ပြည့်   နှစ်ပတ်လည် အစည်းအဝေးပွဲကို၊  ပြည်တော်သာကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဆရာတော်၊ သံဃာတော် (၃၅)ပါးနှင့် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ကျောင်း (၂၈) ကျောင်းမှ ဆရာ၊ဆရာမ (၄၈၀)ဦးနှင့် ကျောင်းသားကျောင်းသူ (၆၀၀)ဦး စုစုပေါင်း (၁၀၀၀)   ကျော်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးပွဲ  ကျင်းပရခြင်း၏   ရည်ရွယ်ချက်မှာ  အမျိုးဘာသာ၊  သာသနာ ကာကွယ်   စောင့်ရှောက်  မြှင့်တင်ရန်  တို့များညီညာ  လက်တွဲစို့ ဟူသော  ဆောင်ပုဒ်နှင့်အညီ ဗုဒ္ဓမြတ်စွာ သာသနာ  (၃)ရပ်  အဓွန့်ရှည်စွာ  တည်တံ့စေရန်၊  အနာဂတ်မျိုုးဆက်သစ် ရင်သွေးငယ်များ၏   နှလုံးသားထဲ၌ မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မများ ကိန်းဝပ်တည်တံ့စေရန်နှင့် တနင်္ဂနွေနေ့တိုင်း ဓမ္မကျောင်းတော် များတွင်   ပို့ချနေသည့်  ဆရာ၊ဆရာမများ   တိုးပွားလာစေရန်၊  ဓမ္မကျောင်းတော်  အချင်းချင်း ခင်မင်ရင်းနှီးစွာဖြင့်    ကူညီစောင့်ရှောက်  ပံ့ပိုးပေးနိုင်ကြရန်နှင့် ယဉ်ကျေးလိမ္မာ  သင်တန်းများ တိုးတက်   ပြန့်ပွားလာစေရန် ဖြစ်ကြောင်း သိရပါသည်။
အခမ်းအနာ၌  ပြင်ဦးလွင်မြို့နယ် ၊  တနင်္ဂနွေဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေး  ဥက္ကဌ ဦးစံငြိမ်းက   ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ  ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ကြီးကို  ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့်  တစ်နိုင်ငံလုံးရှိ ယဉ်ကျေးလိမ္မာသင်တန်းများ၊  သင်တန်းကျောင်းများ  အချင်းချင်းပေါင်းစည်းကာ  အနာဂတ်၏ မျိုုးဆက်သစ်လူငယ်များကို   ဘာသာတရားအခြေခံကောင်းအောင် ဆောင်ရွက်ရန် တိုက်တွန်းသွားပါသည်။

 175 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *