နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၌ အမှတ်စဉ် ( ၂၆/ ၂၀၁၅ ) ဆရာ ၊ ဆရာမ မွမ်းမံ သင်တန်းကို ဒီဇင်ဘာလ (၂၅) ရက်နေ့ညတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဆရာ ၊ ဆရာမ စုစုပေါင်း (၁၀၄) ဦး တက်ရောက်လျက်ပါသည်။
သင်တန်းသို့ ရောက်ရှိသော ဆရာ ၊ ဆရာမများအား အကြိုဆန်းစစ်လွှာများ ဖြေဆိုခြင်း၊ သင်တန်းသား အမှတ်စဉ် နံပါတ်များပေးခြင်း နှင့် အုပ်စုဖွဲ့ခြင်းတို့ ပြုလုပ်ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ ( ၁ ) ၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ ရန်ကင်းတောရဆရာတော်မှ အစားအစာနှင့် ပတ်သတ်သော ဗဟုသုတများ ၊ ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေသည့် တက်တူး (Tattoo) အကြောင်း၊ Facebook နှင့်မျက်နှာသစ်နေကြသော လူငယ်များအကြောင်းတို့ကို Projector ဖြင့် ရှင်းပြကာ သြဝါဒ ပေးခဲ့ပါသည်။

 668 total views,  3 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *