IMG_1307

IMG_1309

IMG_1305

IMG_1303

IMG_1297

IMG_1277
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၉/၂၀၁၆) ဆင်းပွဲကို ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဆင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး(၁)ဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြဝါဒါစရိယ ရန်ကင်းတောရ ဆရာတော်မှ သြဝါဒစကား မိန့်ကြားတော်မူခဲ့ပါသည်။
ထို့နောက် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန သင်တန်းမှူးယာယီတာဝန်ခံ ကျောင်းအုပ် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း) ဒေါ်ခင်လင်းမှ သင်တန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် တင်ပြပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာမှ သင်တန်းသူ ဒေါ်မြင့်မြင့်စန်း (ကသ-၃၇) က ကျေးဇူးတင်စကား လျှောက်ထားခဲ့ပါသည်။
ဆက်လက်သက်ဆိုင်ရာဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး ဆင်းပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 9 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *