ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းများ ဆက်ကပ်ခြင်း
မြန်မာပြည်တစ်ဝန်း ဓမ္မကျောင်းတော် ဆရာ ဆရာမများ စုပေါင်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ (၁) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ခုနှစ် သြဂုတ်လ(၄) ရက် စနေနေ့ နံနက်(၇)နာရီတွင် ဆွမ်း ဘောဇဉ်နှင့် အပ်စပ်ရာ လှူဖွယ်ပစ္စည်းများကို လောင်းလှူကြပါသည်။
နေ့လည် (၁)နာရီအချိန်တွင် ရန်ကင်းတောရဆရာတော်ဘုရားထံမှ ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြပြီး ဒုတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ကြပါသည်။

299 total views, 1 views today