အမှတ်စဉ် (၁၁၉) ဝိပဿ နာ တရားစခန်းကို စက်တင်ဘာလ (၁၅)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရန်ကင်းတောရကျောင်းတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ယောဂီစုစုပေါင်း (၁၉)ဦး တက်ရောက်ကြပါသည်။
ဆရာတော်ဘုရားမှ ယောဂီ တပည့်များအား ဝိပဿ နာတရား မှန်မှန်ကန်ကန် အားထုတ်တတ်စေရန် ရည်ရွယ်ပါသည်။
နိဗ္ဗာန်သွားရာ လမ်းကြောင်းမှန်ဖြစ်သော မဂ္ဂင်(၈)ပါး (သီလမဂ္ဂင်(၃)ပါး၊ သမာဓိမဂ္ဂင် (၃)ပါးနှင့် ပညာမဂ္ဂင်(၂)ပါး) တို့ကို ဟောကြားတော်မူခဲ့ပါသည်။
သီလမဂ္ဂင် (၃)ပါးဖြစ်သော သမ္မာဝါစာ( Right speech) ကောင်းစွာပြောဆိုမှု၊ သမ္မာကမ္မန္တ (Right action) ကောင်းစွာပြုလုပ်မှု၊ သမ္မာအာဇီဝ (Right livelihood) ကောင်းစွာ အသက်မွေးမှု အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့သော သတိပဌာန်တရား (၄)ပါးဖြစ်သော
၁။ ကာယာနုပဿ နာသတိပဋ္ဌာန်
၂။ ဝေဒနာနုပဿ နာ သတိပဋ္ဌာန်
၃။ စိတ္တာနုပဿ နာ သတိပဋ္ဌာန်
၎။ ဓမ္မာနုပဿ နာ သတိပဋ္ဌာန် တရားတို့ကို အားထုတ်တတ်စေရန် မိန့်ကြားတော်မူခဲ့ပါသည်။
433 total views, 1 views today