ရန်ကင်းတောရပရိယတိပဋိပတ် ဌာနတွင် အမှတ်စဉ် (၁၁၉) ဝိပဿနာတရားစခန်းကိုစက်တင်ဘာလ(၁၅)ရက်နေ့မှ(၂၅)ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
တရားစခန်း၏ပထမနေ့တွင် ရန်ကင်းတောရဆရာတော်မှ မဂ္ဂင်(၈)ပါးတရားတော်မြတ်ကို အကျယ်တ၀င့်ဟောကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမဖြစ်သောသီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာတို့ကိုတရားအားထုတ်နေကြသည့် ယောဂီများကတရားစခန်းအတွင်းမှာသာမက ဘ၀ထဲအထိပါလိုက်နာကျင့်သုံးတတ်စေရန် သွန်သင်ဆုံးမပေးလျက်ရှိပါသည်။
သီလမဂ္ဂင်(၃)ပါးမှ သမ္မာဝါစာ (Right speech) ကောင်းစွာပြောဆိုမှု (၄)ပါး
၁။ လိမ်ညာစကားမပြောရ
၂။ ဂုံးချောစကားမပြောရ
၃။ ကြမ်းတမ်းစကားမပြောရ
၎။ ပိန်ဖျင်းစကားမပြောရ
လိမ်ညာဝါကြွား ၊ ဂုံးချော၊ ကြမ်းတမ်း၊ ပိန်ဖျင်းသောစကားတို့သည် မိစ္ဆာဝါစာ (Wrong speech) ဖြစ်ကြောင်း?
သမ္မာကမ္မန္တ (Right action) ကောင်းစွာပြုလုပ်မှု (၃)ပါး
၁။ သူ့အသက် မသတ်ရ
၂။ သူတစ်ပါးဥစ္စာမခိုးရ
၃။ လင်ရှိမယား၊ မယားရှိလင်နှင့် မလွန်ကျူးရလွန်ကျူးပါက(Wrong action) ဖြစ်ကြောင်းနှင့်
သမ္မာအာဇီဝ (Right livelihood) ကောင်းစွာအသက်မွေးမှု
မိစ္ဆာဝါစာ (Wrong speech)(၄) ပါးဖြင့် ငွေမရှာရပါ။
မိစ္ဆာကမ္မ န္တ (wrong action) (၃)ပါးဖြင့် ငွေမရှာရပါ။ထို့ပြင်
၁။ လက်နက်ရောင်းပြီးငွေမရှာရပါ
၂။ အဆိပ်ရောင်းပြီးငွေမရှာရပါ
၃။ အသား၊ ငါးရောင်းပြီးငွေမရှာရပါ
၎။ မူးယစ်ဆေးရောင်းပြီးငွေမရှာရပါ
၅။ လူကုန်ကူးပြီးငွေမရှာရပါစသည်တို့သည် မိစ္ဆာအာဇီဝဖြစ်ကြောင်းအကျယ်တဝင့် ရှင်းလင်းဟောကြားတော်မူပါသည့်။
ထိုသီလမဂ္ဂင်ကိုယခုတရားစခန်းအတွင်းသာဖြည့်ကျင့်ရန်မဟုတ်ဘဲယောဂီတို့၏ဘ၀ထဲတွင်ပါ လိုက်နာကျင့်သုံးနိုင်မှသာလျှင် သမ္မာအာဇီဝ ဖြင့် ဘ၀နေထိုင်နိုင်မည်ဖြစ်ကြောင်းနှင့် သီလကောင်းမွန်စွာဖြည့်ကျင့်ခြင်းသည်ပစ္စုပ္ပါ္ပ္ပ္ပ္ပ္ပန်အတွက်လည်းကောင်းမွန်ပြီး၊ တမလွန် ဘ၀အတွက်လည်း ကောင်းမွန်ကြောင်းတို့ကိုအထူးအားဖြင့် မီးမောင်းထိုးပြကာသွန်သင်ပေးတော်မူပါသည်။