နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန၏ သင်တန်းခန်းမ၌ နေပြည်တော်လယ်ဝေးမြို့နယ်မှ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းတို့တွင် တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသား ကျောင်းသူ (၇၀၀)ကျော်တို့ကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေ (၀၃း၀၀)နာရီ အချိန် တွင် လူငယ်များအတွက် သိမှတ်ဖွယ်ရာအဖြာဖြာကိုဟောပြောပို့ချသည့် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓ ဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့အတ ွင်းရေးမှူး(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ ရန်ကင်းတောရကျောင်းဆရာတော်က (၁) Facebook ၏ကောင်းကျိုးဆိုးပြစ်များ (၂) Food security (၃) Tattoo (၄) WEEE (Waste Electrical and Electronic Equipment)နှင့်(၅) Environment သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာသည့် အကြောင်းအရာများကို Project များဖြင့် လက်တွေ့ ရှင်းလင်း ပြသခဲ့ပါသည်။
ထို့နောက် ဆရာတော်မှ ကျောင်းသား ကျောင်းသူများအား ကိုယ်ကျင့်သိက္ခာကောင်းမွန်ရန် အရေးကြီးကြောင်းကိုမိန့်တော်မူပြီးနောက် ပစ္စည်းဥစ္စာ မပြည့်စုံခြင်းကို ကိုယ်ကျင့် သိက္ခာက ကာကွယ် စောင့်ရှောက်ပေးနိုင်သော်လည်း ကိုယ်ကျင့်သိက္ခာပျက်ပြားခြင်းကိုမူု ပစ္စည်းဥစ္စာက ကာကွယ ် စောင့်ရှောက်မပေးနိုင်ကြောင်းတို့ကို မှတ်သားဖွယ်ရာအဖြစ် သြဝါဒစကား မိန့်ကြားတော်မူခဲ့ပါသည်။

Loading

By admin