P1200245မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် လစဉ်ဖွင့်လှစ်သင်ကြားလျှက်ရှိသော သင်တန်းများထဲမှ လူငယ်နည်းပြအထူးသင်တန်း အမှတ်စဉ်(၁၈/၂၀၁၅)ကို ဆောက်လုပ်ဆဲဖြစ်သော ဓမ္မဗိမာန်တော်ကြီးထဲတွင် ပထမဦးဆုံးအကြိမ်မြောက် ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။ ဤလူငယ်နည်းပြအထူးသင်တန်းကို (၂၀၁၅)ခု မတ်လ(၂၁)နေ့တွင် ဖွင့်လှစ်ရာ တိုင်းနှင့်ပြည်နယ်အရပ်ရပ်မှ တက်ရောက်လာကြသောသင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၈၇)ယောက် ရှိပါသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသော ဓမ္မကျောင်းတော်များတွင် လူငယ် မောင်မယ် အများအပြားအပတ်စဉ် တက်ရောက်သင်ကြားကြသည်ဟု စာရင်းအရသိရှိရပါသည်။ ထိုကဲ့သို့ တက်ရောက်လာကြသော လူငယ်မောင်မယ်များထဲတွင် အထက်တန်း ကျောင်းသား ကျောင်းသူများသည် ကျောင်းစာကိုအလေးပေးနေရ၍ လာရောက်တက်ရောက်မှုမှာ နည်းပါးနေပါသည်။ ထိုကျောင်းသား ကျောင်းသူများအတွက် ဉာဏ်ပညာကြီးမာတော်မှုကြသည့် ရဟန်းပညာရှိများ လူပညာရှိများက တရားဓမ္မများ နှင့်ဝေးကွာသွားကြမည်ကို စိုးရိမ်သဖြင့် အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါသည်။ ထိုကဲ့သို ဖွင့်လှစ်သင်ကြားပေးရာတွင် အထက်တန်းဖြေဆိုထားကြသည့် လူငယ်မောင်မယ်များကိုသာ အထူးလက်ခံ သင်ကြားပေးခြင်းဖြစ်ပါသည်။ ထိုသင်တန်းကို တက်ရောက်လိုကြသည့် အထက်တန်းဖြေဆိုထားသော လူငယ် မောင်မယ်များအတွက် (၂၀၁၅)ခု မတ်လ(၂၇)ရက်နေ့တွင်လည်း ဖွင့်လှစ်သင်ကြားပေးဦးမည်ဖြစ်ပါသည်။
တက်ရောက်လိုသူ လူငယ်မောင်မယ်များ ဆက်သွယ်မေးမြန်းနိုင်ရန် -နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော်ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန(သပြေပင်စံပြကျေးရွာ)၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်၊၊ ဖုန်း-၀၉-၈၃၀၄၄၄၆၊ ၀၉ ၇၉၇၃၀၃၀၂၁။

Loading

By admin