မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် လူငယ်နည်းပြအထူးသင်တန်း အမှတ်စဉ်(၁၉/၂၀၁၅)ကိုဖွင့်လှစ်ရာတွင် သင်တန်းသား (၃၁)ဦးနှင့် သင်တန်းသူ(၅၅)ဦး စုစုပေါင်း (၈၆)ဦးတက်ရောက်ကြပါသည်။
ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာ၍ ဘာသာရေးနှင့်ပတ်သတ်သော အသိပညာများ တိုးတက်မြင့်မားလာစေရန်နှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး၍ ဘာသာတရားကို ကိုးကွယ်သည့်အဆင့်မှ အသုံးချနိုင်သည့်အဆင့်အထိ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ ဓမ္မကျောင်းတော်မှ လူငယ်သင်တန်း၊ နည်းပြဆရာဖြစ်သင်တန်း၊ မွမ်းမံသင်တန်း နှင့် ရက်တိုမွမ်းမံသင်တန်း များကို လစဉ်ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။
ထိုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်သင်ကြားရာတွင် ကလေးဗဟိုပြုချဉ်းကပ်နည်း(CCA) Child- Center- Approach နည်းစနစ်ဖြင့် သင်ကြားပို့ချပေးပါသည်။ ထိုသင်တန်းသို့ တက်ရောက်လိုသူ လူငယ်မောင်မယ်များအနေဖြင့် နေပြည်တော်ယဉ်ကျေးလိမ္မစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရ(သပြေပင်)၊ ဖုန်း-၀၉း၇၉၇၃၄၅၀၃၃၊ ၀၉း၈၃၀၄၄၄၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။