ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန
ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန
Teacher Training Centre for Dhamma School(TTCDS)
နေရာ ။ ။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၊ သပြေပင်၊
လယ်ဝေးမြို့နယ်၊ နေပြည်တော်၊
ရက်စွဲ ။ ။ သာသနာတော်နှစ် ၂၅၅၇ ခုနှစ်။
မြန်မာသက္ကရာဇ် ၁၃၇၅ ခု၊ ဝါခေါင်လပြည့်ကျော် ( )ရက်။
ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊ စက်တင်ဘာလ ( )ရက်။
၁။ ရည်ရွယ်ချက်များ
တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင် မြင့်မားကာ အမျိးဘာသာ သာသနာကို ချစ်မြတ်နိုးသည့် လူတော် လူကောင်း များမွေးထုတ်ပေးနိုင်ရေးအတွက် သင်ကြားပေးကြမည့်ဆရာ၊ ဆရာမများအား လေ့ကျင့်ပျိုးထောင်ပေး မည့် နည်းပြဆရာဖြစ် သင်တန်းဌနကို အောက်ပါ ရည်ရွယ်ချက်များအရဖွင့်လှစ် အကောင်အထည်ဖော် သွားရန် ဖြစ်ပါသည်။
(က) ကိုယ်ကျင့် သိက္ခာနှင့် အမျိုးဘာသာ သာသနာ မြတ်နိုးစိတ် မြင့်မာ၍အရည်အချင်း ပြည့်ဝ သည့် ဓမ္မကျောင်းတော်သင် ဆရာ၊ ဆရာမများနှင့် ဗုဒ္ဓသာသနာပြု လူပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန်။
(ခ) ထေရဝါဒ ဗုဒ္ဓသာသနာတော် အဆုံးအမနှင့် ယဉ်ကျေးမှုများကို ဘာသာရေးအသွင်နှင့် ပညာရေး အသွင် ပေါင်းစပ်ထားပြီး ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်း (Child-Centred Approach) CCA နည်းဖြင့် သင်ကြားပို့ချပေးနိုင်မည့် ဓမ္မကျောင်းတော်သင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ စံပြဖြစ်သော ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန်။
(ဂ) တနင်္ဂနွေဓမ္မကျောင်းတော်များမှ ဆရာ၊ ဆရာများအား ထေရဝါဒသာသနာတော်၏ အဆုံအမ အကြောင်းအရာ အချက်အလက်များ ပြည့်ပြည့်စုံစုံရရှိ၍ ခေတ်မီ သင်ကြားနည်းစနစ်ဖြင့် မွမ်းမံသင်ကြားနိုင်ရေး အတွက် မြို့နယ်တိုင်းတွင် နည်းပြဆရာအဖွဲ့များ ဖွဲ့စည်းအကောင်အထည် ဖောင်နိုင်စေရန်။
(ဃ) စီမံခန့်ခွဲမှု ပညာတတ်ကျွှမ်းနားလည်သော နည်းပြ ဆရာ၊ ဆရာမများက မြို့နယ်၊ ကျေးရွာ ရပ်ကွက် ကော်မတီအဆင့်ဆင့်ကို ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ ခိုင်မြဲအောင် စိတ်ဝင်တစား တက်တက်ကြွကြွ၊ ဇွဲစိတ်သန်သန် ပါဝင်ဆောင်ရွက်ကြမည့် ကော်မတီဝင်များဖြင့် ဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်နိုင်စေရန်။
၂။
ဆောင်ရွက်နည်းစနစ်
သင်တန်းဆောင်ရွက်နည်းစနစ်မူကို အောက်ပါအတိုင်း (က) မဟာဗျူဟာ (ခ) နည်းဗျူဟာ ချမှတ်၍ သွားပါမည်။
(က) မဟာဗျူဟာ
(၁)။ အငြိမ်းစား၊ တာဝန်ထမ်းဆောင်ဆဲ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သာသနာပြု ပုဂ္ဂိုလ် များအား (လူတို့နှင့် သက်ဆိုင်သော) ပဋိပတ်ခြံရံသည့် ပရိယတ် သင်ကြားနည်းကို အသုံးပြုခြင်း။
(၂)။ အရေအတွက်ထက် အရည်းအချင်းကို ဦးစားပေးမှုအတိုင်း သင်တန်းသားများအား ထေရ ဝါဒသာသနာတော် အဆုံးအမ ဗဟုသုတ ကြွဝစေရန်၊ အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးစိတ်နှင့် စာရိတ္တမဏ္ဍိုင် စံနမူနာကောင်း (Good Example) မှသည် သက်ဆိုင်ရာမြို့နယ်များသို့ သက်ဆင့်ပြန့်နှံ့ စေနည်းကို အသုံးပြုခြင်း။
(ခ)။ နည်းဗျူဟာ
၁။ ဘာသာရေးအမြင်၊ ပညာပေးနည်းပညာနှင့် စီမံခန့်ခွဲမှုပညာများ ပေါင်းစပ်ထားသော ခေတ်မီ သင်ကြားနည်းစနစ် Child-Centred Approach (CCA) ဖြင့် တစ်နှစ်လျှင် (၃)ကြိမ်မှ (၄)ကြိမ်၊တစ်ကြိမ် လျှင် (၁)လမှ (၂)လထိ သင်တန်းများ ဖွင့်လှစ်ခြင်း။
၂။ မြို့နယ်အသီးသီးသို့ ရွေ့လျားသင်ကြားခြင်းအစီအစဉ် (Mobile Teaching Program) ဖြင့် သွားရောက်စီစဉ် သင်ကြားပေးခြင်း။
၃။ အောက်ပါ ဘာသာရပ် ခေါင်းစဉ်အလိုက် ခေါင်းစဉ်ငယ်များကို ပို့ချဆွေးနွေးခြင်း
(က) ထေရဝါဒဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးသိသင့်သည့် ဗုဒ္ဓဘာသာ
(ခ) လူတို့နှင့် သက်ဆိုင်သော ရဟန်းဝိနည်းဘာသာ
(ဂ) ကိုယ်ကျင့်သိက္ခာနှင့် မြင့်မြတ်သူတို့၏ အလုပ်ဘာသာ
(ဃ) စိတ်ထားပြုပြင် ပြောင်းလဲရေး ဘာသာ
(င) ဝိပဿနာနှင့် နေ့စဉ်ဘဝဘာသာ
(စ) အမျိုးဘာသာသာသနာစိတ်ဓာတ်ဘာသာ
(ဆ) ယဉ်ကျေးမှုဘာသာ
(ဇ) ဓမ္မကျောင်းတော် (မြို့နယ်၊ ကျေးရွာ) စီမံခန့်ခွဲမှု ပညာ
(ဈ) ဓမ္မကျောင်းတော် ရေရှည်တည်တံ့ရေး စီမံခန့်ခွဲမှု ပညာ
(ည) ဓမ္မကျောင်းတော် သင်ကြားရေးနည်းပညာ
(ဋ) ဓမ္မကျောင်းတော် အခြေခံကျန်းမာရေးပညာ
(ဌ) CCA (Child-Centred Approach) ပညာပေးနည်းပညာ
(ဍ) ဟောပြောနည်းပညာ
(ဍ) ကလေးသူငယ်စိတ်ပညာ
၄။ သင်တန်းကျောင်းတွင် သင်ကြားပို့ချချက်များ ထိထိရောက်ရောက်ဖြစ်စေခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်းအတွက် အဖွဲ့လိုက်ဆွေးနွေးခြင်း (Group Discussion)၊ လက်တွေ့သရုပ်ဆောင်လေ့ ကျင့်ခြင်း (Role Play)၊ အဖွဲ့လိုက် သင်ခန်းစာ စကားရည်လုခြင်း (Debate)၊ လက်တွေ့ ကွင်းဆင်း
လေ့ကျင့်ခြင်း (Trial Run)၊ အကဲဖြတ်ခြင်း (Evaluation)၊ သင်ခန်းစာများ ပြုစုခြင်း (Assignment)၊ သင်တန်းစာတမ်းများပြုစုခြင်း (Term Paper)၊ စသည့် နည်းစနစ်များကို အသုံးချသွားပါမည်။
၃။ သင်တန်းနေရာနှင့် တည်နေရာ
သင်တန်း၏အမည်ကို ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာန၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် သင်တန်းဌာန (Teacher Training Centre For Dhamma School) ဟု ခေါ်တွင်ပါမည်။ သင်တန်းဌန၏ တည်နေရာကား နေပြည်တော် လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ဖြစ်ပါသည်။
ဆက်သွယ်ရေးအနေဖြင့် သင်တန်းကျောင်း ရုံးခန်းမှ တဆင့် သတ်မှတ်ချိန်အတွင်း အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များမှ ဆက်သွယ်နိုင်ပါသည်။
(က) ရုံးခန်း – ၀၉- ၈၃၀ ၄၄၄၆ – ၀၉- ၄၃၀ ၇၅၇ ၀၄
(ခ) သင်တန်းကျောင်းအုပ်ကြီး – ၀၉- ၄၂၀ ၇၀၆ ၂၀၅
၄။ ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ (မူကြမ်း)
(က) ဖွဲ့စည်းပုံ (ဇယား-မူကြမ်း)
အောက်ပါလုပ်ငန်းအကောင်အထည်ဖော် အဖွဲ့ငယ်များဖြင့် သင်တန်းကျောင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်။
(၁) သြဝါဒ စရိယဆရာတော်များအဖွဲ့။
(၂) နာယက လူကြီးများအဖွဲ့။
(၃) သင်တန်းကျောင်းအုပ်ကြီး။
(၄) သင်တန်းအုပ်ချုပ်ရေးအဖွဲ့။
(က) သင်တန်းမှူး (ဒုတိယ သင်တန်းကျောင်းအုပ်ကြီး)
(ခ) ပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ
(ဂ) ရုံးအဖွဲ့မှူး
(၅) စာပေနှင့် ပညာရေးအဖွဲ့။
(က) သင်ကြားရေးမှူး ဆရာကြီး
(ခ) စာကြည့်တိုက်မှူး
(ဂ) သုတေသနနှင့် ဖွံ့ဖြိုးရေး မှူး
(၆) ဆွမ်းကျောင်းနှင့် အဆောင်ကြီးကြပ်ရေးအဖွဲ့။
(က) ဆွမ်းကျောင်းအဖွဲ့ ခေါင်းဆောင်
(ခ) အဆောင်ကြီးကြပ်ရေးခေါင်းဆောင်
(ဂ) ဝယ်ယူရေးအဖွဲ့
(၇) ဘဏ္ဍာရေးအဖွဲ့။
(က) အလှူဘဏ္ဍာ ရှာဖွေရေးမှူး
(ခ) ဘဏ္ဍာရေးမှူး
(ဂ) စာရင်းစစ်မှူး
အလှူဘဏ္ဍာ ရှာဖွေထိန်းသိမ်းရေးဆပ်ကော်မတီ
၁။ တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင် မြင့်မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေး အတွက်သင်ကြားပေးမည့် ဆရာ၊ဆရာမများ အား လေ့ကျင့်ပျိုးထောင် ပေးမည့် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌန ဖွဲ့စည်းအောက်ရှိ အလှူဘဏ္ဍာ ရှာဖွေထိန်းသိမ်းရေး ဆပ်ကော်မတီ ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးထားပါသည်။
၂။ ရည်ရွယ်ချက်။ ။ သင်တန်းရေရှည်တည်တံ့ရေးနှင့် တိုးတက်ရေးအတွက် ကျောရိုးအရင်း
အမြစ် အဖြစ်ဆောင်ရွက်ပေးမည့် အလှူဘဏ္ဍာကို နည်းစနစ်တကျ ရှာဖွေခြင်းနှင့် စည်းစနစ်တကျ သုံးစွဲရန် ရည်ရွယ်ပါသည်။
၃။ လုပ်ငန်းဆောင်ရွက်ချက်များ
(၃-က) သင်တန်းအတွက် ဘဏ္ဍာရေးနှင့် အလှူရှင်ရှာဖွေစုဆောင်ခြင်း။ (ဆွမ်း၊ စာအုပ်၊ စာရွက်စာတမ်း၊ သယ်ယူပို့ဆောင်ရေး၊ ဆုချီးမြှင့်ရေးစသည်)
(၃-ခ) ရရှိထားသော အလှူဘဏ္ဍာငွေကို ဘဏ်စာရင်းဖွင့်ထားခြင်းနှင့် လိုအပ်သလို စိစစ်သုံးစွဲခြင်း။
(၃-ဂ) အလှူဘဏ္ဍာစာရင်းမှတ်တမ်းကို အခါအားလျော်စွာ ထုတ်ပြန်ပေးခြင်း။
(၃-ဃ) အလှူရှင်တို့အား အလှူခံဖြတ်ပိုင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း။
၄။ တာဝန်ယူဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ
(၁) ဒေါ်ခင်ဖြူဝင်း (လယ်ဝေး) ဖုန်း – ၀၉- ၄၉၂၀ ၇၃၅၄
(၂) ဒေါ်သန္တာအောင် (ဧလာ) ဖုန်း – ၀၉- ၄၉၂၀ ၀၈၇၈
(၃) ဒေါ်နန်းမိုးမိုးကြည် (ပျဉ်းမနား) ဖုန်း – ၀၉ – ၄၉၂၉ ၅၀၅၀
(၄) ဒေါ်ညို (လယ်ဝေး) ဖုန်း – ၀၆၇ – ၃၀ ၂၃၅
(၅) ဒေါ်ဂျူလိုင်အောင် (ပျဉ်းမနား) ဖုန်း – ၀၉ – ၅၁၄ ၀၇၄
(၆) ဒေါ်တင်တင်ဦး (ပျဉ်းမနား) ဖုန်း – ၀၆၇ ၂၁၃ ၂၀
ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီ
၁။ တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမြင့် မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတတက်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား လေ့ကျင့်ပျိုးထောင်ပေးမည့် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် သင်တန်းဌန ဖွဲ့စည်းပုံအောက်ရှိ ပြန်ကြားရေးနှင့် ဆက်ဆံရေးကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းတာဝန်ပေးအပ်ထားပါသည်။
၂။ ရည်ရွယ်ချက် ။ ။ (က) ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းတွင် လုပ်ငန်းဆောင်ရွက်
ချက်မျာကို မြန်မာပြည်တစ်ဝှမ်းပါမက ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များပါ
လေ့လာသိရှိပြီး မိမိဒေသတွင် ဆက်လက် ဆောင်ရွက်နိုင်ရန်။
(ခ) သင်တန်းလုပ်ငန်း ဆောင်ရွက်ချက်များ ပြန်လည် သုံးသပ်နိုင်ရန်အတွက်
စာတမ်းများ ပြုစုရန်။
(ဂ) သင်တန်းတွင်လုပ်ငန်းဆောင်တာများနှင့် သင်တန်းသားများဆိုင်ရာ
မှတ်တမ်းများ ထားရှိရန်။
၃။ လုပ်ငန်းဆောင်ရွက်ချက်များ
(၃-က) သတင်းပြန်ကြားရေးနှင့် မှတ်တမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၃-ခ) ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း။
(၃-ဂ) အဖွဲ့လိုက် သင်တန်းဆိုင်ရာ စာတမ်းနှင့် သုတေသနစာတမ်းများ ပြုစုထိန်းသိမ်းခြင်း။
(၃-ဃ) အောင်စာရင်းထုတ်ပြန်ရေးနှင့် သင်တန်းဆင်းလက်မှတ် ချီးမြှင့်ရေးဆိုင်ရာ လုပ်ငန်းများ
ဆောင်ရွက်ခြင်း။
၄။ တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ
(၁) သုတေသနအရာရှိ ဒေါ်ရီရီဟန် (ရေဆင်းတက္ကသိုလ်) ဖုန်း – ၀၉ – ၄၄၈၅ ၄၄၂ ၃၂
(၂) လ/ထ ညွှန်မှူး ဒေါ်သီတာညွှန့် (အေလာသတ္တုသုတေသန) ဖုန်း – ၀၆၇ – ၆၀ ၂၂၆
(၃) ဗိုလ်ကြီး သိန်းမြင့်သူ (ပျဉ်းမနားမြို့) ဖုန်း – ၀၉ – ၄၉၂၀ ၄၄၂၉
(၄) ဆရာမဒေါ်နွယ်နီအောင် (သပြေပင်ကျေးရွာ) ဖုန်း – ၀၉ – ၃၁၀ ၂၀၀ ၇၅
(၅) ဆရာမဒေါ်ဟန်နွယ်စိုး (လယ်ဝေးမြို့) ဖုန်း – ၀၉ – ၄၂၀ ၇၁၉ ၁၉၇
(၆) ကိုသက်ပိုင်စိုး (လယ်ဝေးမြို့) ဖုန်း – ၀၉ – ၄၃၁ ၀၆၈ ၅၀
(၈) ကိုသန့်ဇင် (လယ်ဝေးမြို့) ဖုန်း – ၀၉ – ၄၂၈ ၁၂၉ ၀၂၈
(၉) ကိုရဲဇင်ဦး (သပြေပင်ကျေးရွာ) ဖုန်း – ၀၉ –
(၁၀) ကိုကျော်သူဟိန်း (လယ်ဝေးမြို့) ဖုန်း – ၀၉ – ၄၃၀ ၃၅၅ ၆၅
2,584 total views, 3 views today