မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁)က ကြီးမှူး၍ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၁၀/၂၀၁၄)ကို (၅-၁၁-၂၀၁၄)ရက် နေ့မှစတင်ကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေပင်စံပြကျေးရွာ ရန်ကင်း တောရ ပရိယတ် ပဋိပတ်ဌာန၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ(၄၃)ဦး တက်ရောက်ပါသည်။ သင်တန်းကို (၁၅-၁၀-၂၀၁၄)ရက်နေ့ထိ (၁၀)ရက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဤသင်တန်းသည် သင်တန်းဌာန၌ ဖွင့်လှစ်ခဲ့သည့် ရာပြည့်သင်တန်းဖြစ်ပြီး ယဉ်ကျေးလိမ္မာ ဆရာ/ဆရာမ စုစုပေါင်း(၈၁၈၁)ဦး မွေးထုတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရ ပါသည်။