ရန်ကင်းတောရကျောင်း (အပိုင်း-၁)

ကမ္ဘာစစ်ကြီးများ မတိုင်ခင် ရှေးရှေးကာလကပင် ၀ိနည်းသီလအရာတွင် အထူး အလေးဂရုပြုတော်မူ လေ့ရှိသည့် ဝိနယဂရုက လဇ္ဇီပေသလ သိက္ခာကာမ မထေရ်မြတ်ကြီးတို့သည် ဤရန်ကင်းတောင်တော် ပေါ်တွင် သီတင်းသုံးတော်မူခဲ့ကြပါသည်။
ကောဇာသက္ကရာဇ် (၁၂၉၂)ခုနှစ်၊ ခရစ်သက္ကရာဇ် (၁၉၃၀) ခုနှစ်တွင် ဆရာတော်ဘဒ္ဒန္တကေလာသ အား သပြေပင်ကျေးရွာမှ ဒါယကာ ဦးဖိုးစိန်၊ ဒါယိကာမ ဒေါ်ခင်လေးတို့မှ မိမိတို့ပိုင် ယာမြေများကို တောရ ကျောင်းအဖြစ် လှူဒါန်းခဲ့ရာမှ ရန်ကင်းတောရကျောင်းဟူသော အမည်တွင်လာခဲ့ရာ ယခုအခါ နှစ်ပေါင်း (၈၅)နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
သာသနာတော်တွင် နေလပမာ ထင်ရှားသည့် ညောင်လွန့်တောရ ဆရာတော်ကြီး၏ ဥပနိဿယခံ တပည့်တစ်ပါး ဖြစ်တော်မူသည့် လဇ္ဇီပေသလ ဝိနယကုက္ကုစ္စ ရဟန်းတော်မြတ် ဘဒ္ဒန္တဉာဏိန္ဒထေရ်သည် (၁၉၃၁) ခုနှစ်တွင် ရန်ကင်းတောရသို့ ကြွရောက် 2

6

5

4

3သီတင်းသုံးတော်မူခဲ့ပါသည်။ (၁၉၃၈) ခုနှစ်တွင်မူ ညောင်လွန့်တောရ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တပည့်ရဟန်း သံဃာတော်များနှင့်အတူ ရန်ကင်းတောင်ပေါ်သို့ ကြွရောက်တော်မူလာပြီး ရန်ကင်းတောင် သိမ်ကို သမုဒ်ပေးတော်မူခဲ့ပါသည်။

 463 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *