ရန်ကင်းတောရကျောင်း (အပိုင်း-၂)
ဘဒ္ဒန္တဉာဏိန္ဒထေရ်မြတ်သီတင်းသုံးတော်မူရာ တစ်သက်တာ ကာလတစ်လျှောက် ပရိယတ် ပဋိပတ် သာသနာတော်ကို စွမ်းနိုင်သမျှ ပြုတော်မူခဲ့ပါသည်။ ပျံလွန်တော်မူသည့်အခါ အလောင်းတော် မပုပ်သိုးကြောင်းကိုလည်း သိရှိ မှတ်သားရပါသည်။
ဆရာတော်ဘုရားကြီး လွန်တော်မူပြီးနောက် ရန်ကင်းတောရ၏ တတိယမြောက် ဆရာတော် ဦးဥတ္တမထေရ်က ရန်ကင်းတောရ သာသနာတော်ကို ဒုတိယ ကမ္ဘာစစ်ကြီးများ ဖြစ်လာသည့် ကာလတိုင် ဆက်လက် စောင့်ရှောက်တော်မူလာ ခဲ့ပါသည်။ နောက်ပိုင်းတွင် နောင်ဘိုရွာ ညောင်ပင်ဝိုင်းကျောင်းသို့ ရွှေ့ ပြောင်း သီတင်းသုံးတော် မူခဲ့ပါသည်။ တတိယမြောက် ရန်ကင်းဆရာတော် မရှိသည့်နောက်ပိုင်း ကမ္ဘာစစ်မီးကြီး ငြိမ်းသည့် (၁၉၄၇) ခုနှစ်တွင် စတုတ္ထမြောက် ရန်ကင်းဆရာတော် ဝိနယဂရုက ဘဒ္ဒန္တနန္ဒိယ ထေရ်မြတ်က ညောင်လွန့် တောရမှ ကြွရောက်ကာ (၁၉၇၈) ခုနှစ်တွင် ပျံလွန်တော်မူသည့်တိုင် ရန်ကင်း တောရတွင် သီတင်းသုံးတော်မူခဲ့ပါသည်။
ဘဒ္ဒန္တနန္ဒိယမထေရ် လွန်တော်မူပြီးသည့်နောက် မထေရ်မြတ်ကြီး၏ စာသင်ဘက် ဓုတင်အရာ ယနေ့ခေတ်သာသနာတော်တွင် အရှင်မဟာကဿပ မထေရ်မြတ်ကြီးပမာပြုရသည့် ကျေးဇူးရှင် နဘူးကျင်းရန်ကင်းတောရ ဆရာတော်ဘုရားကြီးမှ တာဝန်ပေးချက်အရ ဘဒ္ဒန္တဓမ္မပါလမထေရ်မြတ်သည် (၁၉၇၉) ခုနှစ်မှသည် (၁၄)နှစ်ကြာတိုင် (၁၉၉၃) ခုနှစ်ထိ ရန်ကင်းတောင်တော်ပေါ်တွင် ပဉ္စမမြောက် ရန်ကင်းတောရ သာသနာတော်ကို စွမ်းအားရှိသမျှ ဆောင်ရွက်တော်မူခဲ့ပါသည်။
213 total views, 1 views today