ရှေးရှေးအခါကာလမှသည် ယနေ့တိုင် ပညာသင်ကြားလိုသူက သင်ကြားပေးနိုင်မည့် ဆရာထံပါးချဉ်းကပ်ကာ သင်ယူကြရပါသည်။ ဒိသာပါမောက္ခ ဆရာကြီးများရှိရာသို့ မင်းညီမင်းသားများ ပုဏ္ဏားပညာရှိတို့၏ သားများ ပညာသင်ရန်သွားကြကြောင်းနှင့် ဆရာကြီး သည် တပည့်များကို အဌာရသ ဖယ့်ရှစ်ရပ်သောပညာရပ် သင်ကြားပေးကြောင်း ဗုဒ္ဓဝင်များတွင် ဖတ်ရှုရပါသည်။ ရှေးဂရိနှင့် ရောမ ခေတ်တွင်လည်း အသိပညာ ရှားမှီး လိုသူများသည် ပညာရှင်များဟောပြော ဆွေးနွေးကြမည့် လူစည်ကားရာ ဈေးကဲ့သို့သော နေရာများ၌ သွားရောက်ကာ ပညာသင်ကြားရကြောင်း ဖတ်ရှုရပါသည်။ ထို့ကြောင့် ပညာလိုလား သူတို့သည် ရှေးရှေးအစဉ်အလာအတိုင်း ဆရာရှိရာသို့ သွားရောက်ကာ ပညာသင် ကြားရကြောင်းကို မိမိတို့၏ ဘဝအတွေ့အကြုံများ အရလည်း သိရှိထားကြပြီးဖြစ် ပါသည်။
သို့သော် ယနေ့ကာလ၌မူ အစဉ်အလာအတိုင်း ပညာ သင်ကြားရခြင်းမဟုတ်ဘဲ ခေတ်စနစ်အရ နည်းပညာ တိုးတက် ပြောင်းလဲလာ ခြင်းကြောင့် Online Education ခေတ်ရောက် လာပေပြီ။ အမိ မြန်မာမြေမှ ကျောင်းသားလူငယ် များအတွက် တိုင်းပြည် ဆင်းရဲသောကြောင့် မိမိတို့နှင့် အလှမ်းဝေးလှပါပကော ဟု အားငယ်ညည်းညူရန် လို တော့မည် မဟုတ်ပါ။ မကြာတော့ သော ကာလတိုအတွင်း၌ မြန်မာလူငယ် အများစု သည် Online ပညာရေးဖြင့် ဧကန်မုချ ပညာသင် ကြားရတော့မည်။ ယနေ့လူငယ်များသည် အင်တာနက်ကို အသုံးပြုနေပါ သော်လည်း ရည်ရွယ်ချက် မှန်မှန်ကန်ကန် အသုံးပြုသည့် ဦးရေ နည်းပါး နည်းပါးနေသေးသည် ဟုထင်ပါသည်။ အကြောင်းမှာ အင်တာနက်ကို မှန်မှန်ကန်ကန် အသုံးပြုရန် ပညာပေးမှု အပိုင်း၌ အားနည်းခြင်း၊ အသုံးချမှုနှင့် အားပေး အားမြှောက်မှု အပိုင်းတွင်လည်း အားနည်းနေသေးသောကြောင့် ဖြစ်ပေလိမ့်မည်။ Online ပညာရေး ဟူသည် စာသင်ခန်းကို သွားရခြင်း၊ ဆရာ့ထံပါးသွားရခြင်း၊ ကျောင်းတက်ချိန် သီးခြား ပးရခြင်း မေရှိတော့ဘဲ မိမိလေ့လာသင်ကြားလိုသည့် Website ရှိရာသို့သာ ဝင်ရောက်လေ့လာ သင်ယူရခြင်းဖြစ်ပါသည်။ မေးမြန်စုံစမ်း ရခြင်းဖြစ် ပါသည်။ လိုအပ်လျှင် စာမေးပွဲများကို ဝင်ရောက် ဖြေဆိုရခြင်းဖြစ်ပါသည်။
ယနေ့ မြန်မာနိုင်ငံနှင့် ဆီလျှော်သည့် ဥပမာပြရပါသော် မြန်မာနိုင်ငံရှိ မထင်ရှားလှသည့်မြို့၏ အစိန်၌ ဖွင့်လှစ်ထားသည့်
အင်တာနက်ဆိုင်တစ်ဆိုင်မှ လိုရာ Website ထဲဝင်ကာ ကာလတန်ကြေးမြင့်မားပြီးရှားပါးလှ သည့် မြန်မာစာအုပ် တစ်အုပ် ကို စာအုပ်ဆိုင်လည်းမသွားရ၊ စာအုပ်တန်ဖိုးလည်း မပေးခြေရဘဲ တစ်ခဏအတွင်းပိုင်ဆိုင်နိုင်မည်။
စာပို့သမားကို စောင့်မျှော်နေရန်မလိုဘဲ ကမ္ဘာ့တစ်ခြမ်းမှ အခြား တစ်ခြမ်းကို စာများဓါတ်ပုံ များကို ပေးပို့နိုင်၊ ရယူနိုင်ပါသည်။ တီဗွီ၊ ရေဒီယို သတင်း လွှင့်ချန်ကို စောင့်ဆိုင်းကာ သတင်း နားထောင်ရန် မလိုအပ်တော့ဘဲ မိမိအားလပ်ချိန်၌ သက်ဆိုင်ရာ Website ဝင်ကာကြည့် ရှုနားထောင် နိုင်ပါသည်။ ထို့ကြောင့် သတင်းစာကို စားပွဲပေါ်တွင် အထပ်လိုက်တင်ကာ စုဆောင်းရန် မလိုတော့ဘဲ ကြည့်လို သည့်အချိုန်၊ ရည်ညွှန်းကိုးကားလိုသည့် အချိန်တိုင်း Website ထဲဝင်ကြည့်နိုင်ပါသည်။
Smart Phone သို့မဟုတ် Tablet တွင် စာအုပ်စာတမ်း မှတ်စုမှတ်ရာ အမြောက်အများကို ကလေးမပင် မထုပ်မပိုးရဘဲ မိမိသွားလိုရာ သယ်ယူနိုင်ပါသည်။
ယနေ့ကမ္ဘာသုံး အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမည် ဆိုလျှင်မူ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံရှိ နာမည်ကျော်ကြား
သည့် တက္ကသိုလ်မှ ပါမောက္ခကြီး တစ်ဦး၏ သင်ကြားပို့ချချက်ကိုပင် ကြည့်ရှု့နားထောင်ကာ လေ့လာ နေနိုင်ပါသည်ဟူသော ဘုန်ဘုန်၏စကားသည် ယုံတမ်းစကား မဟုတ်တော့ပါ။
သို့သော မြန်မာနိုင်ငံ လူငယ်ထု အားလုံးကို ကိုယ်စားမပြုပါဟု ငြင်းချက်ထုတ်ကောင်း ထုတ်နိုင်မည် ဖြစ်ပါသော်လည်း အင်တာနက်ဆိုင်၌ အလုပ်ရှုပ်နေကြသည့် နိုင်ငံအနှံ့အပြားမှ မောင်မယ်များကို မူ သေသေချာချာ ကိုယ်စားပြုပါသည်။ အင်တာနက်အသုံးပြုနိုင်သော် Smart Phone ကို ဆောင်ထားသည့် လူငယ်မောင်မယ်တို့ကို လည်းကိုယ်စားပြုပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် မကြာတော့သော အနာဂတ်၌ စာသင်ခန်းမရှိ၊ ကျောင်းတက်ချန်လည်း မရှိတော့သည့် Online ပညာရေးခေတ်သည် တားဆီးမရတော့သော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပေတော့မည်။
အကြောင်းအရာတိုင်းအတွက် အကျိုးတရားဟူသည် ရှိစမြဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်၌ ပြောင်းလဲလာမည့်
ပညာရေးအတွက်လည်း အကောင်းအဆိုးအကျိုးတရားဟူသည် မုချမသွေရှိ လာရ ပေတော့မည်။ နည်းပညာပြောင်းလဲလာမှု ကြောင့် အာစရိယ ဆရာသခင်၏ ဆုံးမ သွန်သင်မှုအောက် ကြီးပြင်းခွင့် မရရှိတော့ မည့် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်ကို မဆိုထားဘိ၊ ယနေ့လူငယ်တို့၏ မနက်ဖြန် အရေးပင် ရင်လေးဖွယ်ဖြစ်နေ ပါတော့သည်။
ရုပ်ရှင်ဇာတ်ကားတို့၏ ဇာတ်ဝင်ခန်းများ၌ သရုပ်ဆောင်များက အရက်သောက်ပြနေ ၍လော မသိ၊ ကိုးရီးယား ဇာတ်ဝင်ခန်းကြောင့်လော မသိ၊ တက္ကသိုလ်များ၏ ပုဂ္ဂလိက အဆောင်တို့၌ စည်းကမ်းထိန်းသိမ်းမှု ညံ့ဖျင်း၍ ပေလောမသိ ဗုဒ္ဓဘာသာဝင် အမျိုးသမီး ငယ်များ အရက်သောက်သည့် နှုန်းထားမှာမူ ကြောက်ခမန်းလိလိ တက်လျက်ရှိကြောင်း ကြားသိနေရပါ တော့သည်။ အကြောင်း တစ်ခုတည်း မဟုတ်တန်ကောင်းပေ။ အကြောင်းစုံ၍သာ ဤမျှခရီးရောက်လာခြင်းဖြစ်ပေလိမ့်မည်။

မိမိတို့တိုင်းပြည် အမိမြန်မာနိုင်ငံတော်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များကို ပြုစုရန် အချိန်နှောင်းပြီဟူ၍ မဆိုသာပါ၊ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်အကြားကွာဟမှု ွနညနမအေငသည ါစေ ယခုထက်မကျဲခင် ပြုပြင်ပေးနိုင်မှု အရေးတကြီးလိုအပ်လာပါသည်။
ပြုပြင်ရန် နည်းလမ်းကား မခက်ခဲပါ။ မရှုပ်ထွေးပါ။ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ကို
အခြေခံထားသဖြင့် ကမ္ဘာပေါ်တွင် စံပြုရလောက်အောင် သိမ်မွေ့ပါသည်။ ယနေ့လူငယ်တို့အတွက် မိဘ ဘိုးဘွားပိုင် မြန်မာ့ယဉ်ကျေးမှုအမွေကို ပြည့်ဝကောင်း မွန်စွာ ဆက်ခံနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနိုင်မှသာလျှင် မြန်မာနိုငံ ၏ အနာဂတ် ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များအပေါ် ယနေ့လူကြီး မိဘများက တာဝန်ကျေပွန်တော့မည် ဖြစ်ပါသည်။
1,824 total views, 1 views today