နောင်အနာဂတ်တိုင်းပြည်၏ ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည့် ယနေ့လူငယ်များ ယဉ်ကျေးလိမ္မာလာစေရေးအတွက် ဆရာ၊ဆရာမများအား သြဝါဒစကားမှာကြားသည့် အခမ်းအနားကို သပြေပင်စံပြ ကျေးရွာအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ်လ ၂၇ ရက်နေ့ ညနေ(၃)နာရီအချိန်တွင်ကျင်း ပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟို)၏ အလုပ်အမှုဆောင်ဆရာတော် အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)မှ ယနေ့လူငယ်များ အကျင့်စာရိတ္တ ယိုယွင်းလာနေသည်ကို ပြုပြင်ပြောင်းလဲပေး နိုင်မည့် နည်းလမ်းကောင်းများ မိန့်ကြားတော်မူပြီး ဆရာ၊ဆရာမများသည် ကျောင်းသားကျောင်းသူများ စာတတ်မြောက် ရန်သာမက ယဉ်ကျေးလိမ္မာလာစေရန်လည်း သင်ကြားပေး ရန်မေတ္တာရပ်ခံ၍ ဤသို့သင်ကြားနိုင်ရန် နည်းပြဆရာဖြစ်သင်တန်းများတက်ရောက်နိုင်ရန်ကိုလည်း ဆရာတော်မှ ကူညီပေးမည်ဖြစ်ကြောင်း မိန့်ကြားတော်မူပါသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွယ်နှင့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာဆရာမများနှင့် အထက်တန်းကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။
ကိုဇေ(နေပြည်တော်)